A d v e r t i s e m e n t With Us

ကိုလံဘီယာ မြေပြို လူ ၉၂ ဦးသေ

ဓာတ်ပုံ (ကိုလံဘီယာ ရဲတပ်ဖွဲ့/ ရိုက်တာ)
ကိုလံဘီယာနိုင်ငံ အနောက်မြောက်ပိုင်းက ဆယ်လဂါနယ်မြေမှာ ရွှံ့မြေပြိုမှုကြောင့် သေဆုံးသူ ၉၂ ယောက် ရှိသွားပြီးလို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။ မိုးသည်ထန်ပြီး မြစ်ကမ်းတွေပြိုတဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေကြောင့် မေ ၂၅ ရက် မနက် အစောပိုင်းမှာ မြေပြိုမှု ဖြစ်ခဲ့တာပါ။ ကိုလံဘီယာအစိုးရက ကယ်ဆယ်ရေးအဖွဲ့တွေကို ချက်ချင်း စေလွှတ်ခဲ့ပါတယ်၊ ကယ်ဆယ်ရေး လုပ်သားတွေဟာ ရွှံ့တွေ၊ ကျောက်တုံးတွေ ကြားကနေ ၁၁ လအရွယ် ကလေးတယောက်ကိုလည်း အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လုပ်နေပါတယ်။ မြေပြိုမှုဟာ ကိုလံဘီယာနိုင်ငံမှာ ၁၉၉၉ နောက်ပိုင်း အဆိုးဆုံး ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up