ပိုင်ရှင် အလိုမရှိရင် ထွက်မည်ဟု လီဗာပူးနည်းပြပြော
အသင်းပိုင်ရှင်တွေက အလိုမရှိရင် လီဗာပူးကို စွန့်ခွာသွားမယ်လို့ နည်းပြ ဘရန်ဒန် ရော်ဂျာစ်က ပြောဆိုလိုက်ပါတယ်။
လီဗာပူးအသင်းဟာ အသင်းခေါင်းဆောင် ဂျရတ်နဲ့ ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံးပွဲစဉ်မှာ စတုတ်စီးတီးကို ၆ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ထားပါတယ်။
အခုလို ဂိုးပြတ်နဲ့ ရှုံးတာဟာ လီဗာပူးအတွက်တော့ ၅၂ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
စတုတ်ကို အကြီးအကျယ် ရှုံးထားပေမယ့်လည်း အသင်းဆီကနေ ကမ်းလှမ်းမှုတွေ အများကြီး ရှိနေသေးတယ်လို့ နည်းပြ ရော်ဂျာ်စ်က ပြောပါယတ်။
လီဗာပူးဟာ နောက်ဆုံး ကစားထားတဲ့ ၉ ပွဲမှာလည်း ၂ ပွဲပဲ အနိုင်ရတဲ့အတွက် ဖိအားတွေ များလာတာကို နည်းပြ က လက်ခံထားပါတယ်။
အန်းဖီးကွင်းက ကလပ်အသင်းဟာ နည်းပြ ရော်ဂျာ်စ် လက်ထက်မှာ ၃ နှစ်တာ ကာလအတွင်းမှာ အအောင်မြင်ဆုံး အဖြစ် ပြီးခဲ့တဲ့ ၂၀၁၃၊ ၂၀၁၄ ခုနှစ် ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ဒုတိယနေရာကို ရယူနိုင်ခဲ့ပါတယ်။