A d v e r t i s e m e n t With Us

လီဗာပူးရှုံးပွဲတွေ့ပြီး အသင်းကြီးများ အနိုင်ရသည့် ပရီးမီးယားလိဂ် နောက်ဆုံးပွဲ

မေ ၂၄ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ရာသီသိမ်း နောက်ဆုံးပွဲစဉ်တွေ ယှဉ်ပြိုင်ရာမှာ ချဲလ်ဆီး၊ အာဆင်နယ်၊ မန်စီးတီးနဲ့ စပါးစ်အသင်းတို့ အနိုင်ရသွားပါတယ်။ ချဲလ်ဆီးအသင်းက ဆန်းဒါးလန်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ဒီပွဲမှာ ချဲလ်ဆီး အတွက် ဒရောဘာက နောက်ဆုံး ကစားပေးသွားပါတယ်။ ဒရောဘာကို လူစားလဲချိန်မှာ ချဲလ်ဆီးက ကစားသမားတွေအားလုံး သူကိုထမ်းပြီး ကွင်းပြင်ကို ပို့ဆောင်နှုတ်ဆက်ခဲ့ပါတယ်။ အာဆင်နယ်ကတော့ ၀က်စ်ဘရောင်းအသင်းကို ၄ ဂိုး ၁ ဂိုး၊ မန်စီးတီးက ဆောက်သင်တန်ကို ၂ ဂိုး ဂိုးမရှိ စပါးစ်က အဲဗာတန်ကို ၁ ဂိုး ဂိုးမရှိနဲ့ အသီးသီး အနိုင်ရရှိသွားပါတယ်။ မန်ယူက တန်းဆင်းဇုံမှာ ရုန်းကန်နေရတဲ့ ဟားစီးတီးနဲ့ ဂိုးမရှိ သရေကျပြီး လီဗာပူးက စတုတ်စီးတီး ကို ၆ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။ အတန်းမဆင်းရရေးအတွက် ရုန်းကန်နေတဲ့ နယူးကာဆယ်နဲ့ ဟားစီးတီးတို့ ၂ အသင်းထဲမှာ ဟားစီးတီးက မန်ယူနဲ့ သရေကျပြီး နယူးကာဆယ်က ၀က်စ်ဟမ်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒါကြောင့် ဟာစီးတီးဟာ ဘန်လေ၊ ကျုပီအာတို့နဲ့အတူ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားရပြီ ဖြစ်ပါတယ်။ ဘန်လေက အက်စ်တွန်ဗီလာကို ၁ ဂိုး ဂိုးမရှိ၊ ခရစ္စတယ်ပဲလေ့စ်က ဆွမ်ဆီးကို ၁ ဂိုးဂိုးမရှိ၊ လက်စတာက ကျူပီအာကို ၅ ဂိုး ၁ ဂိုးနဲ့ အသီးအသီးအနိုင်ရသွားပါတယ်။ အမှတ်ပေးဇယားထိပ်မှာတော့ အပြောင်းအလဲ မရှိဘဲ ရပ်တည်နေပြီး လာမယ့် ရာသီ ချန်ပီယံလိဂ် ၀င်ခွင့်ကို ချန်ပီယံ ချဲလ်ဆီး၊ ဒုတိယနေရာက မန်စီးတီးနဲ့ တတိယနေရာက အာဆင်နယ်တို့က တိုက်ရိုက် ရရှိသွားပါတယ်။ အဆင့် ၄ ချိတ်တဲ့ မန်ယူကတော့ ချန်ပီယံလိဂ်ကို ခြေစစ်ပွဲအဆင့်ကနေ စတင် ယှဉ်ပြိုင်ရမှာပါ။ အဆင့် ၅ နေရာက စပါးစ်နဲ့ အဆင့် ၆ နေရာက လီဗာပူးတို့ကလည်း ယူရိုပါလိဂ် ၀င်ခွင့် ရရှိသွားပါတယ်။ ဓာတ်ပုံ(ရိုက်တာ) [gallery ids="94419,94420,94421,94422,94423,94424"]

A d v e r t i s e m e n t With Us

More News
Up