နှုတ်ခမ်းမွေး မုတ်ဆိတ်မွေးအလှပြိုင်ပွဲ (သတင်း ဓာတ်ပုံ)
DVB
·
May 24, 2015
နှစ်ပေါင်းများစွာ မျက်နှာပေါ်မှာ ရှိတဲ့ အမွေးအမြင်တွေကို ဂရုတစိုက်နဲ့ ထိန်းသိမ်း ပြုစုလာတဲ့ သူတွေ အတွက် လူအများရှေ့မှာ ပြသဖို့ အခါအခွင့်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။
[caption id="attachment_94392" align="aligncenter" width="604"] နှုတ်ခမ်းမွေးနှင့် မုတ်ဆိတ်မွေးကို ကွင်း ၃ ကွင်းဖြစ်အောင် ဖန်တီးထားသည့် ပြိုင်ပွဲဝင်တဦး (ဓာတ်ပုံ-အီးပီအေ)[/caption]
ဟန်ဂေရီနိုင်ငံ ဘူတာပတ်စ်မြို့တောင်ဘက်က ကစ်ခွန်ဖီလစ်ခ်ျဟာဇာ မြို့မှာ ၇ ကြိမ်မြောက် နှုတ်ခမ်းမွေးပြိုင်ပွဲမှာ ကမ္ဘာတ၀န်းက မျက်နှာပေါ်က အမွေးအမြင်တွေကို ထိန်းသိမ်းတဲ့သူတွေ က သူတို့ရဲ့ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ပုံစံအမျိုးမျိုးရှိတဲ့ နှုတ်ခမ်းမွေးနဲ့ မုတ်ဆိတ်မွေးတွေကို လာရောက် ပြသတယ်လို့ ဒေးလီးမေလ်း သတင်းက ရေးပါတယ်။
[caption id="attachment_94395" align="aligncenter" width="611"] ရိုးရာ ဘာဝါးရီးယန်ဝတ်စုံ ဆင်မြန်းထားသည့် နှုတ်ခမ်းမွေးနှင့် မုတ်ဆိတ်မွေး ပြုပြင်ထိန်းသိမ်းထားသူ တဦး (ဓာတ်ပုံ အီးပီအေ)[/caption]
ပြိုင်ပွဲကျင်းပမယ့်နေနဲ့ အသေးစိတ်ကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။
[caption id="attachment_94396" align="aligncenter" width="617"] နပိုလီယံ စတိုင် နှုတ်ခမ်းမွေး မုတ်ဆိတ်မွေးထားသူ တဦး (ဓာတ်ပုံ-အီးပီအေ)[/caption]
ဒီပွဲမှာ မျက်နှာပေါ်က အမွေးအမြင်တွေကို အလှပဆုံး ပြုစု ထိန်းသိမ်းနိုင်တဲ့သူတွေ ၀င်ပြိုင်ကြပြီး ဆုချီးမြှင့်သွားဖို့လည်း ရှိနေပါတယ်။
[caption id="attachment_94397" align="aligncenter" width="613"] နှုတ်ခမ်းမွေး မုတ်ဆိတ်မွေး အသွင်တမျိုးနဲ့ ဟန်ဂေရီက လူတဦး (ဓာတ်ပုံ-အေပီ)[/caption]
မျက်နှာက အမွေးအမြင်တွေက တကိုယ်ရည်သန့်ရှင်းမှု မရှိဘူးလို့ ဝေဖန်ကြပေမယ့်လည်း နှုတ်ခမ်းမွေး မုတ်ဆိတ်မွေး အရှည်ထားလေ့ရှိသူတွေကတော့ ဒီအမွေးအမြင်တွေက ယောက်ျားလေးတွေ အတွက် မရှိမဖြစ် အရာတခုလို့ ခံယူထားသလို အဓိပ္ပာယ်တခုလို့ မှတ်ယူထားကြပါတယ်။
[caption id="attachment_94398" align="aligncenter" width="610"] လိုက်ဖက်သည့် နှုတ်ခမ်းမွေးနှင့် မုတ်ဆိတ်မွေး အလှ (ဓာတ်ပုံ အေပီ)[/caption]
ဒီပွဲပြိုင်ကို လာရောက် ယှဉ်ပြိုင်ကြတဲ့ လူတွေရဲ့ နှုတ်ခမ်းမွေး မုတ်ဆိတ်မွေး ပုံစံတွေကလည်း တဦးနဲ့ တဦး မတူညီဘဲ ကွဲပြားခြားနားနေပါတယ်။
[caption id="attachment_94402" align="aligncenter" width="622"] နှုတ်ခမ်းမွေးကို အ၀ိုင်းသဏ္ဍာန်ထားထားသည့် ဂျာမနီနိုင်ငံသားတဦး (ဓာတ်ပုံ-အေပီ)[/caption]
[caption id="attachment_94403" align="aligncenter" width="612"] ရှုပ်ပွနေအောင် ထားထားသည့် နှုတ်ခမ်းမွေးနှင့် မုတ်ဆိတ်မွေး (ဓာတ်ပုံ အီးပီအေ)[/caption]