A d v e r t i s e m e n t With Us

တရုတ်နိုင်ငံ ဂွမ်ဒေါင်းတွင် မိုးသည်းထန်မှုကြောင့် ရေကြီး

တရုတ်နိုင်ငံ တောင်ပိုင်းက ဂွမ်ဒေါင်း ပြည်နယ်မှာ မိုးသည်းထန်မှုကြောင့် ရေလွှမ်းမိုးမှု ဖြစ်နေပါတယ်။ ကျင်ယွမ်မြို့အပိုင် ယန်းရှန်း စီရင်စုမှာ မေ ၂၂ ရက်နေ့က မိုးရေချိန်ဟာ ၁၁၂ မီလီမီတာအထိ ရှိခဲ့တယ်လို့ ပြည်နယ် မိုးလေ၀သ ဌာနက ဆိုပါတယ်။ မိုးရေကြောင့် အနိမ့်ပိုင်းရွာတွေ၊ စိုက်ခင်းတွေ၊ ရေမြုပ်ပြီး လမ်းတွေ၊ ရေထိန်းစနစ်တွေ ပျက်စီးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဇိုးကျင်းမြို့အပိုင် ဟွာဂျီ စီရင်စုမှာလည်း မိုးရေကြောင့် ရေကြီးရေလျှံနေပြီး လူ ၁၂၀ လောက်ကို ကယ်တင်ခဲ့ရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။ မိုးရေကြောင့် စူဂျီယန် မြစ်ရေဟာလည်း စိုးရိမ်ရေအမှတ်ကို ကျော်လွန်ပြီး ၅၂ ဒသမ ၄၃ မီတာ အထိ မြင့်တက်ခဲ့ပါတယ်။ မိုးသည်းထန်ပြီးနောက် မြေပြိုမှုတွေလည်း နေရာ အတော်များများမှာ ဖြစ်ခဲ့ပြီး ဒေသထဲက လမ်းပေါင်း ၂၀ လောက် ပိတ်ဆို့နေတုန်းပါပဲ။ ဒီရက်ပိုင်းအတွင်း ဂွမ်းဇီဟောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာလည်း မိုးများပြီး လမ်းပေါ်မှာ ရေ ၂၀ စင်တီမီတာအထိ လျှံတက်နေလို့ သွားလာရေးမှာ အကြီးအကျယ် အခက်ကြုံနေရပါတယ်။ ဓာတ်ပုံ - ရိုက်တာ [gallery ids="94364,94365,94366,94367,94368,94369,94370,94371,94372"]

A d v e r t i s e m e n t With Us

More News
Up