A d v e r t i s e m e n t With Us

ဘိုလီးဗီးယားတွင် ကလေးငယ် ၆၀၀ ခန့် အစာအဆိပ်သင့်မှုကြောင့် ဆေးရုံတင်

  ဘိုလီးဗီးယားနိုင်ငံ ကိုဘီဂျာမြို့က ကျောင်းတကျောင်းမှာ မနက်ပိုင်း ကျွေးတဲ မနက်စာကို စားအပြီးမှာ အစာအဆိပ်သင့်လို့ ကလေးငယ် ၅၈၁ ယောက်ကို ဆေးရုံတင်ခဲ့ရပါတယ်။ ကြက်သားအသားညှပ်ပေါင်မုန့်ကို စားအပြီးမှာ  ဗိုက်နာပြီး မူးဝေအော့အန်တဲ့ ဝေဒနာခံစားရတဲ့ ကလေးတွေကို အနီးအနားက ဆေးရုံ၊ ဆေးခန်းတွေကို ပို့ခဲ့ရပါတယ်။ ကလေးဖခင်တဦးက “ဒါဟာ ကျောင်းက တာဝန်မဲ့တဲ့ လုပ်ရပ်ဖြစ်တယ်” လို့ စိုးရိမ်ဒေါသနဲ့ အပြစ်တင်ပါတယ်။ အခြေအနေ ပြန်ကောင်းလာတဲ့ ကလေးတဦးက ကြက်သားညှပ် ပေါင်မုန့်နဲ့ မနက်စာ စားပြီးတဲ့အချိန်မှာ ခေါင်းမူလာပြီး အော့အန်ခဲ့တယ်လို့ ပြောပါတယ်။ အာဏာပိုင်တွေကလည်း သံသယဖြစ်ဖွယ် အသားညှပ်ပေါင်မုန့်ကို စစ်ဆေးနေတယ်လို့ ပြောပါတယ်။ ပြဿ    နာ ဇစ်မြစ်ကို အဖြေမသိခင်အထိ မနက်စာကျွေးတဲ့ အစီအစဉ်ကိုလည်း ဆိုင်းငံ့ထားလိုက်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up