A d v e r t i s e m e n t With Us

ကမ္ဘာ့အသက်အရှည်ဆုံး အဘွားအို၏ မွေးနေ့ပွဲ

ကမ္ဘာ့အသက်အရှည်ဆုံး အမေရိကန်အဘွားအိုရဲ့ အသက် ၁၁၆ နှစ်ပြည့်တဲ့ မွေးနေ့ပွဲကို မိသားစု၊ မိတ်ဆွေတွေနဲ့ မစ်ချီကန်ပြည်နယ် အင်စတာမြို့မှာ ရှိတဲ့ စားသောက်ဆိုင်မှာ ပြုလုပ်ပါတယ်။ ၁၈၉၉ ခုနှစ်မှာ မွေးဖွားတဲ့ အဘွား  ဂျာရာလင်း တယ်လီ (Jeralean Talley) ဟာ ဧပြီလတုန်းက အာကန်ဆတ်က အသက် ၁၁၆ နှစ်အရွယ် အဘွား Gertrude Weaver  ကွယ်လွန်သွားတဲ့နောက် ကမ္ဘာ့အသက်အရှည်ဆုံး ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အသက် ၁ နှစ်ပိုကြီးသွားတဲ့ အဘွားက နေလို့ ထိုင်လို့ ကောင်းပါတယ်လို့ မွေးနေ့ပွဲမှာ ပြောပါတယ်။ အဘွား ဂျာရာလင်း ဟာ ဂျော်ဂျီယာမှာ မွေပြီး ၁၉၃၅ ခုနှစ်မှာ သူ့ခင်ပွန်းရဲ့ အလုပ်ရှိတဲ့ မစ်ချီဂန်ကို အတူပြောင်းရွှေ့လာခဲ့ပါတယ်။ သူ့ခင်ပွန်း Alfred Talley ကတော့ ၁၉၈၈ ကတည်းက ကွယ်လွန်ခဲ့ပါတယ်။ အဘွား ဂျာရာလင်းဟာ အသက် ၁၀၄ နှစ်အထိ bowling ကစားနိုင်ခဲ့သေးတယ်လို့ အဘွားရဲ့ သမီးဖြစ်တဲ့ အသက် ၇၇ နှစ်အရွယ် သဲလမာ Thelma Holloway က ပြောပါတယ်။ အခုတော့ အဘွား ဂျာရာလင်းလည်း အသက်အရွယ်အရ အရင်လို မကစားနိုင်တော့ဘဲ အိမ်မှာ အနားယူရင်း၊ မိသားစုတွေရဲ့ အိမ်တွေကို အလည်အပတ်သွားရင်းနဲ့ ဘ၀ရဲ့ နောက်ဆုံး အချိန်တွေကို ဖြတ်သန်းနေပါတယ်။ အဘွားဟာ အင်စတာမြို့က ဘက်ပတစ် ခရစ်ယာန် ဘုရားရှိခိုးကျောင်းလည်း ပုံမှန် သွားလေ့ရှိပြီး ရှေ့တန်းခုံကို သူ့အတွက် သီးသန့်ထားပေးတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up