A d v e r t i s e m e n t With Us

ဒေသတွင်းအန္တရာယ် အာရပ် စစ်ခေါင်းဆောင်များ ဆွေးနွေး

အာရပ် နိုင်ငံတွေက စစ်တပ် အကြီးအကဲတွေဟာ အီဂျစ် နိုင်ငံကိုင်ရိုမှာရှိတဲ့ အာရတ်အဖွဲ့ချုပ်ရဲ့ ဌာနချုပ်မှာ မေ ၂၃ ရက်နေ့က တွေ့ဆုံပြီး ဒေသတွင်းအန္တရာယ်ကို ရင်ဆိုင်မယ့် နည်းလမ်းတွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲမှာ အာရပ် နိုင်ငံပေါင်းစုံ တပ်ပေါင်းစု ဖွဲ့စည်းဖို့ အဆိုပြုချက်လည်း ပါဝင်ပါတယ်။ အီဂျစ် ဦးစီးချုပ် မာမွတ် ဟီဂါဇီက ထိပ်သီးဆွေးနွေးပွဲ သဘာပတိအဖြစ် ဆောင်ရွက်ပြီး စစ်ရေးဗျူဟာမှာ ဟန်ချက်ညီဖို့ဟာ အရေးကြီးတယ်လို့ ပြောပါတယ်။ အခု ထိပ်သီးအစည်းအဝေးဟာ အာရပ်နိုင်ငံတွေက စစ်တပ်အကြီးအကဲတွေ ဒုတိယမြောက် တွေ့ဆုံမှုဖြစ်ပြီး ပထမအကြိမ် ဆွေးနွေးပွဲတုန်းက သဘောတူထားတဲ့အတိုင်း တပ်ပေါင်းစု ဖွဲ့စည်းရေးကိစ္စ လက်တွေ့ အကောင်အထည်ဖော်ဖို့ အဓိက ထား ဆွေးနွေးကြတယ်လို သတင်းတွေမှာ ဖော်ပြကြပါတယ်။ ပထမအကြိမ် အစည်းအဝေးကို  ဒီနှစ်အစောပိုင်းက ကျင်းပခဲ့ပြီး ဇွန်လ ၂၉ မတိုင်ခင်မှာ ညွန့်ပေါင်းတပ်ဖွဲ့ ဖွဲ့စည်းပြီး ဒေသတခုလုံးနဲ့ ဆိုင်တဲ့ အန္တရာယ်ကို ရင်ဆိုင်ဖို့ သဘောတူထားပါတယ်။ ဒီလို ဖွဲ့စည်းဖို့ ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ အချိန်ဟာ အလုံအလောက်ရှိတယ်လို့ အီဂျစ် စစ်ဦးစီးချုပ်က  သဘာပတိ မိန့်ခွန်းမှာ ပြောပါတယ်။ အာရပ်အဖွဲ့ချုပ်မှာ ဂျော်ဒန်၊ ယူအေအီး၊ တူနီးရှား၊ အယ်ဂျီရီးယား၊ ဘာရိန်း၊ ဒီဘွတ်တီ၊ ဆောဒီ အာရေးဗီးယား၊ ဆူဒန်၊ ဆိုမာလီးယား၊ အီရတ်၊ အိုမန်၊ ပါလက်စတိုင်း၊ ကာတာ၊ ကွမ်းမိုရို၊ ကူဝိတ်၊ လက်ဘနွန်၊ လစ်ဗျား၊ အီဂျစ်၊ မော်ရိုကို၊ မူရီတာနီးယား၊ ယီမင်တို့ ပါဝင်ကြပါတယ်။ ဆီရီးယားကတော့ နဂိုက အာရတ် အဖွဲ့ချုပ်မှာ ပါဝင်ပေမယ့် အခုတော့ အဖွဲ့ဝင်အဖြစ်ကနေ ဆိုင်ငံ့ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up