ဘရွန်ဒီတွင် အတိုက်အခံခေါင်းဆောင်နှင့်ကိုယ်ရံတော် သေနတ်ပစ်ခံရ သေဆုံး

မငြိမ်မသက် ဖြစ်နေတဲ့ ဘရွန်ဒီနိုင်ငံမှာ ထင်ရှားတဲ့ အတိုက်အခံ ခေါင်းဆောင်နဲ့ ကိုယ်ရံတော်တို့ သေနတ်ပစ်ခံလိုက်ရပြီး သေဆုံးသွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ အတိုက်အခံ ယူပီဒီ ပါတီ ခေါင်းဆောင် ဖာရူဇီနဲ့ သူ့ ကိုယ်ရံတော်တို့ကို မြို့တော်မှာ ရှိတဲ့  အိမ်နားမှာ သေနတ်သမားတွေက ပစ်သတ်သွားတယ်လို့ အိမ်နီးချင်းတွေက ပြောပါတယ်။ ၁၅ မီတာလောက် အဝေးမှာ သေနတ်သံကြားခဲ့ရပြီး သွားကြည့်တဲ့အခါ ယူပီဒီ ခေါင်းဆောင် အသတ်ခံရတာလို့ မျက်မြင်တဦးက ပြောပါတယ်။ မျက်မြင် တခြားတဦးကလည်း အခင်းဖြစ်တဲ့ နေရာမှာ စစ်သားတွေ ရှိနေပေမယ့် ဘာမှ ဆောင်ရွက်ပေးတာ မရှိခဲ့ဘူးလို့ ပြောပါတယ်။ ဘရွန်ဒီမှာ ၂၀၀၅ ခုနှစ်က လူမျိုးရေး ပဋိပက္ခကို အကြောင်းပြုတဲ့ ပြည်တွင်းစစ် အဆုံးသတ်ခဲ့တဲ့ နောက်ပိုင်း အကြီးမားဆုံး နိုင်ငံရေး အကျပ်အတည်းနဲ့ ကြုံနေရပါတယ်။ လက်ရှိသမ္မတက တတိမြောက် သက်တမ်းကို အရွေးခံမယ်လို့ ကြေညာတာကြောင့် ဆန့်ကျင့်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာ ၁ လရှိပြီး မအောင်မြင်တဲ့ အာဏာသိမ်းမှုတခုလည်း ဖြစ်ခဲ့ပါတယ်။ သမ္မတရဲ့ ကြိုးပမ်းမှုဟာ ဖွဲ့စည်းပုံနဲ့ မညီဘူးလို့ ဖာရူဇိတို့လို အတိုက်အခံတွေက ဝေဖန်ကြပေမယ့် သမ္မတကတော့ နောက်ဆုတ်မယ့် အရိပ်မယောင် မပြပါဘူး။ အခု အကျပ်အတည်းကြောင့် လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ခဲ့ဖူးတဲ့ နိုင်ငံမှာ အကြမ်းဖက်မှုတွေ ပိုဆိုးလာမှာကို စိုးရိမ်တာကြောင့် လူပေါင်း ၁ သိန်းကျော်လည်း အိမ်နီးချင်း နိုင်ငံတွေဆီ ထွက်ပြေး ခိုလှုံသွားကြပါတယ်။ သမ္မတ ရွေးကောက်ပွဲက လာမယ့် ဇွန်လ ၂၆ ရက်နေ့ ဖြစ်ပြီး လွှတ်တော်နဲ့ ဒေသန္တယ ကောင်စီ ရွေးကောက်ပွဲတွေကို ဇွန်လ ၅ ရက်နေ့ ကျင်းပဖို့ ရက်သတ်မှတ်ထားပေမယ့် အခုလို ပြဿ     နာတွေကြောင့် တပတ်ကျော် နောက်ဆုတ်ထားရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up