လှေစီးဒုက္ခသည်များအရေး ဖြေရှင်းကြရန် ဘန်ကီမွန်းတိုက်တွန်း

ဘန်ကီမွန်း (ဓာတ်ပုံ EPA)
ကုလသမဂ္ဂက ရိုဟင်ဂျာလို့ သတ်မှတ်ထားတဲ့ လူအုပ်စုတွေ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ထွက်ပြေးနေတဲ့ အကြောင်းရင်းကို ဖြေရှင်းဖို့ လိုတယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။ “ဒီကိစ္စဟာဟာ ဒေသတွင်းမှာ ဖြစ်နေတယ်။ လူတွေ ဘာကြောင့် အခုလို နိုင်ငံတွေကနေ ထွက်ပြေးနေရသလဲဆိုတဲ့ ကိစ္စကို ဖြေရှင်းရမယ်” လို့ ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမှာ ဘန်ကီမွန်းက သတင်းထောက်တွေကို ပြောပါတယ်။ ဒီလအတွင်းမှာ မလေးရှားနဲ့ အင်ဒိုနီးရှားကို ဆိုက်ရောက်သွားတဲ့ ပြောင်းရွှေ့အခြေချသူ ၃၀၀၀ ကျော်ရှိသွားပြီး အမျိုးသားတွေ၊ အမျိုးသမီးတွေ၊ ကလေးတွေပါဝင်နေပါတယ်။ လူ့အသက်တွေကို အရင်ဆုံး ကယ်ဆယ်ဖို့ လိုပြီး အခြေအနေကို ဘယ်လိုဖြေရှင်းမလဲဆိုတာကိုလည်း ဆွေးနွေးဖို့ ဘန်ကီမွန်းက ဒေသတွင်း ခေါင်းဆောင်တွေအားလုံးကို တိုက်တွန်းလိုက်ပါတယ်။ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးကို ဦးစားပေးလုပ်ဆောင်ဖို့၊ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ပင်လယ်ပြင်မှာ သူတို့ အသက်တွေ အန္တရာယ်ရှိတာကြောင့် အသက်ကို ကယ်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေကို ပေးဖို့၊ ပြဿ   နာကို ဖြေရှင်းမယ့် နည်းလမ်းတွေကို ၀ိုင်းဝန်း အဖြေရှာကြဖို့ ဘန်ကီမွန်းက တိုက်တွန်းလိုက်ပါတယ်။ [caption id="attachment_94217" align="aligncenter" width="940"]လှေစီးဒုက္ခသည်များ (ဓာတ်ပုံ - အေအက်ဖ်ပီ) လှေစီးဒုက္ခသည်များ (ဓာတ်ပုံ - အေအက်ဖ်ပီ)[/caption] ထိုင်းမှာ လူကုန်ကူးမှု တိုက်ဖျက်ရေး စီမံကိန်းကြောင့် လူကုန်ကူးသူတွေဟာ လူအပြည့်တင်ထားတဲ့ လှေတွေကို ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီ ပင်လယ်ပြင်မှာ စွန့်ပစ်သွားပြီးတော့ ကိုယ်လွတ်ရုန်း ထွက်ပြေးသွားပါတယ်။ ဒါကြောင့် ပြောင်းရွှေ့အခြေချသူ ၃၅၀၀ ပင်လယ်ပြင်က လှေတွေပေါ်မှာ ရှိနေတယ်လို့ ယူအန်အိပ်ခ်ျစီအာက  ခန့်မှန်းပြီး နိုင်ငံတကာအစိုးရတွေကို အကူအညီပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up