ကာလ၀မ်းရောဂါ ကူးစက်ခံရသူ ဘရွန်ဒီဒုက္ခသည် ၃၀၀၀ ခန့်ရှိပြီဟု ကုလပြော

တန်ဇန်းနီးယားနိုင်ငံတွင်းက ဘရွန်ဒီနိုင်ငံသား ဒုက္ခသည်တွေကြားမှာ ကာလဝမ်းရောဂါ ကူးစက်ခံရသူ အယောက် ၃၀၀၀ ရှိနေပြီဖြစ်တာကြောင့် ကူးစက်ဘေးက ပိုဆိုးလာနေတယ်လို့ ကုလသမဂ္ဂက မေ ၂၂ ရက်နေ့က ပြောပါတယ်။ ဘရွန်ဒီဒုက္ခသည်တွေကို ခိုလှုံခွင့်ပေးထားတဲ့ စခန်းတွေထဲမှာ ကာလဝမ်းရောဂါ ကူးစက်ကပ်ဘေး ဖြစ်ပွားနေပြီး မေ ၂၂ ရက်အထိ လူအနည်းဆုံး ၃၃ ဦး သေဆုံးခဲ့ပြီးပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) က ဆိုပါတယ်။ ကူးစက်ခံရတဲ့နှုန်းက တရက်ကို အယောက် ၃၀၀ ကနေ ၄၀၀ လောက်ထိ တိုးလာနေကြောင်း၊ အကျပ်အတည်းကို ကိုင်တွယ်ဖို့ ရန်ပုံငွေ လိုအပ်နေပြီလို့ ဆိုပါတယ်။ မသန့်တဲ့ရေတွေကနေ ကူးစက်တဲ့ ရောဂါကပ်ဘေးဟာ တန်ဂံယီကာ ရေအိုင်နားက ကာဂံဂါနဲ့ ညာရူငူစူရွာတွေမှာ ဖြစ်ပွားခဲ့တာပါ။ ဘရွန်ဒီ နိုင်ငံရေး အကျပ်အတည်းကနေ ထွက်ပြေးခိုလှုံလာတဲ့ လူတွေကို ကာကွယ်ဖို့ စက်တင်ဘာလအထိ စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၂၀၇ သန်းကို မဟာမိတ်အဖွဲ့ အစည်းတွေဆီကနေ တောင်းခံမယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up