ပိုင်ရှင် အလိုမရှိပါက တခြားအသင်းကို ပြောင်းမည်ဟု မော်ရင်ဟိုပြော

ချယ်ဆီးမန်နေဂျာ ဟိုဆေးမိုရင်ညို
အင်္ဂလန် ပရီးမီးယားလိဂ် ချဲလ်ဆီး ကလပ် နည်းပြ ဂျိုဆေး မော်ရင်ဟိုက အသင်းကို စွန်ခွာသွားမှာ မဟုတ်ပေ မယ့် ပိုင်ရှင် လက်မခံရင်တော့ တခြားအသင်းကို နည်းပြဖို့ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။ အသက် ၅၂ နှစ် မော်ရင်ဟိုက ၂၀၀၄-၂၀၀၇ အထိ ချဲလ်ဆီးအသင်းကို နည်းပြ လုပ်ခဲ့ပြီး အသင်းပိုင်ရှင် အီဗရာမိုဗစ်ခ်ျနဲ့ ဆက်ဆံရေးကြောင့် အသင်းကို စွန့်ခွာကာ ၂၀၁၃ ခုနှစ်မှာ ဒုတိယအကြိမ် နည်းပြ ပြန်လည် လုပ်ဆောင်တာ ဖြစ်ပါတယ်။ "ကျနော်ဟာ ချဲလ်ဆီးအတွက် မကောင်းတော့ဘူးလို့ အီဗရာမိုဗစ်ခ်ျ တွေးလာတဲ့ တနေ့မှာတော့ ဖြစ်နိုင်ရင် အင်္ဂလန်မှာပဲ ကလပ်အသင်းတခုကို နည်းပြချင်ပါတယ်” လို့ မော်ရင်ဟိုက ပြောပါတယ်။ တခြားကလပ်အသင်းတွေကလည်း လုပ်အားခ လစာ ၂ ဆနဲ လာရောက် ကမ်းလှမ်းမှုတွေ ရှိနေတယ် လို့လည်း သူက ပြောပါတယ်။ ၂၀၀၇ ခုနှစ် ဘောလုံး ရာသီအစမှာ ချဲလ်ဆီးအသင်း ရလဒ်မကောင်းတဲ့ အတွက်  မော်ရင်ဟိုဟာ အသင်းက ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up