ချန်ပီယံ ချဲလ်ဆီး ပရီးမီးယားလိဂ်ဆုများ သိမ်းကျုံးရယူ

အီဒင်ဟာဇက်နှင့်မော်ရင်ဟို (ဓာတ်ပုံ - ရိုက်တာ)
အခုနှစ်ဘောလုံးရာသီအတွက် အင်္ဂလန်ပရီးမီးယားလိဂ်က ပေးတဲ့ အကောင်းဆုံး မန်နေဂျာနဲ့  အကောင်းဆုံး ဘောလုံးသမားဆုတွေကို ချန်ပီယံချဲလ်ဆီးအသင်းက ချည်းရသွားပါတယ်။ ဒီကနေ့ မနက်ကြေညာတဲ့ ပရီးမီးယားလိဂ် တနှစ်တာအတွက် အကောင်းဆုံးမန်နေဂျာဆုကို ချဲလ်ဆီးနည်းပြ မော်ရင်ဟိုက ရသွားပြီး  အကောင်းဆုံး ဘောလုံးသမားဆုကိုတော့  အီဒင်ဟာဇက် (Eden Hazard) ကရသွားပါတယ်။ မော်ရင်ဟိုအတွက်တော့ ၂၀၀၄ - ၀၅ ရာသီနဲ့ ၂၀၀၅-၆ ရာသီတွေမှာလည်း အကောင်းဆုံးမန်နေဂျာဆုရခဲ့ဖူပြီး အခု ၂၀၁၄-၁၅ ရာသီမှာ တတိယအကြိမ်ရခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်း ချန်ပီယံဖြစ်ဖို့ ၁၉ ဂိုးသွင်းပေးခဲ့တဲ့ ဟာဇက်ကတော့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအသင်းနဲ့  ဘောလုံးကလောင်ရှင်များ အသင်းတို့က ပေးတဲ့ ၁ နှစ်တာအတွက် အကောင်းဆုံး ပရီးမီးယား လိဂ်ဘောလုံး သမားဆုတွေကိုလည်း ရထားပြီးဖြစ်ပါ တယ်။ ချဲလ်ဆီး အသင်းဖော်တွေဖြစ်တဲ့  ဂျွန်တယ်ရီ၊ မာတစ်နဲ့ ဖာဘရီဂတ်စ်တို့ဟာလည်း ဒီနှစ် ပရီးမီးယားလိဂ်အတွက် အကောင်းဆုံဘောလုံးသမားဆု ပဏာမ အမည်စာရင်းမှာ တည့်သွင်းခံရပါတယ်။

More News
Up