ပြန်ပေးဆွဲခံသင်္ဘော ကယ်ဆယ်ရေး တရုတ်နှင့်ရုရှား ပူးတွဲစစ်ရေးလေ့ကျင့်

တရုတ်နဲ့ ရုရှားရေတပ်သင်္ဘောတွေ မြေထဲပင်လယ်မှာ Joint Sea 2015-I လို့ နာမည်ပေးထားတဲ့ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုတခုကို မေ ၂၀ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။ သင်္ဘောလမ်းကြောင်း လုံခြုံမှု ကာကွယ်ရေးလုပ်ငန်းတွေကို လေ့ကျင့်ခဲ့ကြတာဖြစ်ပြီး ပြန်ပေးဆွဲခံသင်္ဘောအဖြစ် အသွင်ယူထားတဲ့ တရုတ် ထောက်ပံ့ရေးသင်္ဘော ဝေရှန်းဟူကို ကယ်ဆယ်ရေး လေ့ကျင့်တာပါ။ တရုတ် ဒုံးကျည်တင် ဖျက်သင်္ဘော လင်းရီ အခြေစိုက် အထူးတပ်ဖွဲ့ဝင်တွေက ရဟတ်ယာဉ်တွေနဲ့ ရောက်လာပြီး ပင်လယ်ဓားပြတွေကို တိုက်ပြီး ပြန်ပေးဆွဲခံသင်္ဘောကို ကယ်ဆယ်ပုံ လေ့ကျင့်တာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တရုတ်ဒုံးကျည်တင် ဖျက်သင်္ဘော ဝေဖှန်နဲ့ ရုရှားစစ်သင်္ဘော လဒ်နီတို့က အထူးတပ်ဖွဲ့ဝင် စစ်သားတွေက ပြန်ပေးဆွဲခံ သင်္ဘောပေါ် အတင်းတက်ပုံကို လေ့ကျင့်ပါတယ်။ မေ ၂၀ ရက်နေ့ စစ်ရေးလေ့ကျင့်မှုဟာ ငါးလုပ်ငန်း ဖြစ်ထွန်းတဲ့ ပင်လယ်ပြင်က သင်္ဘောတွေကို ကာကွယ်ရေးနဲ့ အကူအညီတောင်းတဲ့ သင်္ဘောတွေကို ကူညီရေး လေ့ကျင့်တာ ဖြစ်ပါတယ်။ “စစ်ရေးလေ့ကျင့်မှုက လက်တွေ့ကျပြီး နှစ်ဖက်လုံးက ဗျူဟာမြောက်လိုအပ်ချက်တွေ စစ်ဆင်ရေးနဲ့ ကိုက်ညီ ပြီးဆုံးခဲ့တယ်။ မျှော်မှန်းထားတဲ့ ပန်းတိုင်တွေ ရအောင်ယူနိုင်ခဲ့တယ်” လို့ တရုတ်တပ်မဟာရဲ့ စစ်ဦးစီးအရာရှိချုပ်  ကျိုးယုံက ပြောပါတယ်။ [gallery ids="93999,94000,94001,94002,94003,94004,94005"]

More News
Up