Home
မြန်မာသတင်း
၂၉ ကြိမ်မြောက် ထိုင်းမြန်မာနယ်ခြားကော်မတီအစည်းအဝေး ကျင်းပ
DVB
·
May 21, 2015
ထိုင်းမြန်မာနှစ်နိုင်ငံ နယ်ခြားကော်မတီ ရဲ့ ၂၉ ကြိမ်မြောက်အစည်းအဝေးကို ထိုင်းနီုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ အမ်ပီရီရယ်မယ့်ပင်းဟိုတယ်မှာ မေလ ၂၁ ရက်နေ့က ကျင်းပပါတယ်။
ဒီအစည်းအဝေးကို တိုင်းဒေသ  အမှတ် ၃ ထိုင်းတပ်မတော်က ကမကထပြုပြီး မြန်မာနိုင်ငံ ဘက်က နယ်ခြားကော်မတီဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး နဲ့ ထိုင်းဘက်က နယ်ခြားကော်မတီဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ဆာထစ် ထိဖရတ် တို့က ဦးဆောင်ဆွေးနွေး ခဲ့တယ်လို့  တိုင်းဒေသ  အမှတ် ၃ ထိုင်းတပ်မတော်က ထုတ်ပြန်ပါတယ်။
အစည်းအဝေးမှာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတည် တံ့ခိုင်မြဲအောင် မြှင့်တင်ဆောင်ရွက်ဖို့ ၊ နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်တွေ ပူးပေါင်းဆောင် ရွက်ဖို့ ၊ နှစ်နိုင်ငံ လုံခြုံရေး နဲ့ ဆက်ဆံရေးကို ထိပါးစေမယ့်ပြဿ     နာတွေ ပူးပေါင်းဖြေရှင်းရေးတွေ ဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် နယ်စပ်ဒေသ နှစ်နိုင်ငံစစ်သည်အချင်းချင်းဆက်ဆံရေး နဲ့ ပူးပေါင်းဆောင် ရွက်ရေး တိုးမြှင့်ဖို့၊ နှစ်နိုင်ငံနယ်စပ်နေပြည်သူများရဲ့ စီးပွားရေး၊ လူမှုရေး ၊ ကျန်းမာရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်နှိမ်နင်းရေး၊ သစ်တောထိန်းသိမ်းရေး ကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်ရေးတွေလည်း ပါဝင်ပါတယ်။
တရားမ၀င်အလုပ်သမားတွေကို တရားဝင်အဖြစ်ဆောင်ရွက်ပေးရေး ၊ လူကုန်ကူးမှုပြဿ     နာ ၊ စစ်လက်နက်မှောင်ခို နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ကိစ္စတွေလည်း ဆွေးနွေးခဲ့ကြပါတယ် ။
ဒီ တွေ့ဆုံဆွေးနွေးမှုဟာ နယ်စပ်ရေးရာနဲ့ ပြဿနာ ပူးပေါင်းဖြေရှင်းဖို့အတွက် အရေးကြီးသလို အဆင့်မြင့်ကော်မတီ နဲ့ နယ်ခြားကော်မတီကြား ချိတ်ဆက်ဖို့လည်း အရေးပါကြောင်း ၊ ၂၀၁၅ နှစ်ကုန်ပိုင်း မှာ ဖွင့်လှစ်မယ့် အာဆီယံစီးပွါးရေးအသိုင်းအ၀ိုင်းကို ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ အတူလှမ်းချီသွားဖို့ ထိုင်းနယ်ခြားကော်မတီဥက္ကဋ္ဌက ပြောကြားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024