အိုစမာဘင်လာဒင်၏ စာရွက်စာတမ်းများကို အမေရိကန်ထောက်လှမ်းရေး ထုတ်ပြန်

အမေရိကန် ထောက်လှမ်းရေးအရာရှိတွေက အိုစမာဘင်လာဒင်ကို ပါကစ္စတန်နိုင်ငံက ခြံဝင်းတခုထဲမှာ ၂၀၁၁ ခုနှစ် စီးနင်းသတ်ဖြတ်ချိန်က ရခဲ့တဲ့ စာရွက်စာတမ်းတွေကို မေ ၂၀ ရက်နေ့ ဖြန့်ချိလိုက်ပါတယ်။ [caption id="attachment_93905" align="alignright" width="451"] ပါကစ္စတန်နိုင်ငံမှာရှိတဲ့ အိုစာဘင်လာဒင်၏ နေအိမ်ခြံဝင်း[/caption] ဒီစာရွက်စာတမ်းတွေကို အမေရိကန်အစိုးရအဖွဲ့က စေ့စေ့စပ်စပ် သုံးသပ်အပြီး ဖြန့်ချိတာ ဖြစ်ပြီး အမျိုးသားလုံခြုံရေး အထူးလုပ်ပိုင်ခွင့်အာဏာနဲ့ပတ်သက်လို့ ပွင့်လင်း မြင်သာမှုတွေ တိုးလာရေး သမ္မတရဲ့ တောင်းဆိုချက်နဲ့အညီ ထုတ်ပြန်တာလို့ အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။ စုံစမ်းထောက်လှမ်းမှု အခွင့်အာဏာဆိုင်ရာ အက်ဥပဒေအရ ဖြန့်ချိတဲ့ စာရွက်စာတမ်း တွေကို ပြန်လှန်သုံးသပ်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ ဖြန့်ချီလိုက်တဲ့ စာရွက်စာတမ်းတွေထဲမှာ အမျိုးအစားတူရာ အုပ်စုမခွဲရသေးတဲ့ စာရွက်စာတမ်းတွေ ခြံဝင်းထဲက ရှာတွေ့တဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့စာအုပ်တွေ စာရင်းနဲ့ တခြားစစ်သွေးကြွအုပ်စုတွေ ဖြန့်ချီထားတဲ့ ပစ္စည်းတွေ ပါဝင်ပါတယ်။ အမေရိကန်တပ်တွေက ပါကစ္စတန်စစ်တပ် အခြေစိုက်ရာ အဘော့တာဘဒ်မြို့က ခြံဝင်းကို စီးနင်းအပြီး ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ တိုက်ခိုက်မှုအတွက် တာဝန်ရှိတဲ့ အယ်လ်ကေးဒါအဖွဲ့ရဲ့ခေါင်းဆောင် အိုစမာ ဘင်လာဒင်ကို အသေ ဖမ်းမိခဲ့တာပါ။ ဘင်လာဒင်ရဲ့ စာရွက်စာတမ်းတွေကို ဖတ်နိုင် နားလည်နိုင်တဲ့ အခွင့်အရေးဟာ ပြည်သူတွေ၊ တက္ကသိုလ်ဆရာတွေ၊ စာနယ်ဇင်းသမားတွေနဲ့ သမိုင်းပညာရှင်တွေရဲ့ အကျိုးစီးပွားပဲလို့ အမေရိကန်ထောက်လှမ်းရေးရုံးကော်မတီဥက္ကဋ္ဌ ဒါဗင် နွန်းစ်က ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up