အီတလီဘောလုံးပွဲ လုပ်ပွဲများကြောင့် မာဖီးယားစုံစမ်းရေးအဖွဲ့က လူ ၅၀ ကျော်ကို ဖမ်းဆီး

အီတလီအငယ်တန်းလိဂ် ဘောလုံးပွဲတွေကို လုပ်ပွဲတွေ ပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး မာဖီးယား စုံစမ်းစစ်ဆေးရေးအဖွဲ့က တနေ့က လူပေါင်း ၅၀ ကျော်ကို ဖမ်းဆီးထားပြီး  လူအမြောက်အများ ကိုလည်း စုံစမ်းစစ်ဆေးမှုတွေ  ဆက်လက်ပြုလုပ်နေပါတယ်။ အီတလီတောင်ပိုင်း ကာတန်ဇာရိုမြို့မှာ   စီးနင်းဖမ်းဆီးခဲ့တာဖြစ်ပြီး  ကစာသမား ၁၅ ဦး၊ ကလပ်အသင်းဥက္ကဋ္ဌ ၆ ဦး၊ အားကစားဆိုင်ရာ စီမံခန့်ခွဲရေးမှူး ၈ ဦး၊ နည်းပြနဲ့ အထွေထွေ မန်နေဂျာတွေ  ပါဝင်ပါတယ်။ အဲ့ဒီ့ထဲမှာ ကမ္ဘာတစ်ဝှမ်း လောင်းကစားအသင်းအဖွဲ့တွေက ခေါင်းဆောင် ၁၀ ဦးလည်း ပါဝင်တယ်လို့ အီတလီက သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ အဆင့် ၃၊ အဆင့် ၄ နှင့်အဆင့် ၅ လိဂ်ပြိုင်ပွဲတွေမှာ လုပ်ပွဲ ပြဿနာတွေ အများအပြားရှိပြီး  ကလပ်အသင်းပေါင်း ၃၀  လောက်ပါဝင်ပက်သက်နိုင် တယ်လို့   ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူ တွေ က ခန့်မှန့်ထားပြီး   စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ဖမ်းဆီးထားသူတွေကို  မားဖီးယားအဖွဲ့တွေနဲ့ ပူးပေါင်းပြီး  လိမ်လည်မှု စတဲ့ စွဲချက်တွေနဲ့ တရားစွဲဆိုထားပါတယ်။  ၂၀၀၆ ခုနှစ်ကလည်း လုပ်ပွဲအရှုပ်တော်ပုံကြောင့် စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်း တန်းဆင်းခဲ့ရပြီး အေစီမီလန်အပါအ၀င် အခြားနာမည်ကြီးအသင်းတွေလည်း  အမှတ်လျော့ခံခဲ့ရဖူးပါတယ်။ အီတလီဘောလုံးလောကမှာ လုပ်ပွဲပြဿနာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ မကြာခဏ ထွက်ခဲ့သလို လက်ရွေစင်းတချို့တောင် ပါဝင်ပက်သက်မှုတွေ ရှိခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up