ဒုက္ခသည်အရေးပေါ်အကူငွေ ဒေါ်လာ ၆ သန်း သြစသြေးလျက မြန်မာကိုပေးအပ်
DVB
·
May 20, 2015
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်က နေစရာမဲ့ ဒုက္ခသည်တွေအတွက် စားနပ်ရိ က္ခာနဲ့ နေစရာကူညီပေးဖို့ ဒေါ်လာ ၆ သန်း အရေးပေါ် အကူအညီပေး အပ်တယ်လို့ သြစတြေးလျနိုင်ငံက ဒီကနေ့ ကြေညာပါတယ်။
ရခိုင်နဲ့ ကချင်ပြည်နယ်က ဒုက္ခသည်တွေ နေစရာအကူညီရနိုင်ဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ)ကို ဒေါ်လာ ၂ သန်း၊ ဒုက္ခသည်တွေအစားအစာအတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကို ဒေါ်လာ ၃ သန်းနဲ့ ကျန်တဲ့ ဒေါ်လာ ၁ သန်းကတော့ အရေးပေါ်အခြေအနေတုံ့ပြန်မှု ရန်ပုံငွေ အဖြစ်သုံးစွဲဖို့လို့ ဆိုပါတယ်။
ဒီအကူအညီဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တွေကို ရေရှည်ထောက်ပံ့ပေးတဲ့အနေနဲ့ ပေးအပ်တာလို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စဂျူလီဘစ်ရှော့ပ်က ကြေညာချက်မှာ ပြောပါတယ်။