ပြင်သစ်သမ္မတ၏ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး ဆရာဆရာမများ ဆန္ဒပြ

ပြင်သစ်မှာ သမ္မတ ဖရန်ဆွာ ဟော်လန်ဒီရဲ့  ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်တဲ့ ဆရာဆရာမ ထောင်ပေါင်းများစွာ ဆန္ဒပြနေကြပါတယ်။ ပြင်သစ်မှာ ဆရာဆရာမ ဦးရေ ၈၄၀၀၀၀ ရှိပြီး အစဉ်အလာအရ သမ္မတ ဟော်လန်ဒီကို ထောက်ခံသူတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခု သမ္မတက အဆိုပြုထားတဲ့ ပြုပြင်ပြောင်းလဲရေးကြောင့် ဆရာဆရာမတွေဟာ သမ္မတကိုရော၊ အာဏာရ ဆိုရှယ်လစ်ပါတီကိုပါ ဆန့်ကျင်လာကြတာပါ။ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ဟာ  ပညာသင်ကြားရေးမှာ ပိုပြီးတော့ မျှတမှု ရှိလာစေဖို့ ရည်ရွယ်တယ်လို့ အစိုးရက ဆိုပါတယ်။ သင်ကြားရေးနဲ့ ပတ်သက်လို့ သက်ဆိုင်ရာကျောင်းတွေရဲ့ လွတ်လပ်ခွင့်ကို တိုးပေးမယ့် အစီအစဉ် ဖြစ်ပါတယ်။ အစိုးရအစီအစဉ်ကို ပြည်သူတွေကြားမှာ သဘောမတူသူ နည်းပေမ့ယ် ဝေဖန်သူတွေကတော့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကြောင့် ကျောင်းတွေကြားမှာ ပြိုင်ဆိုင်မှု ပိုများလာပြီး မညီမျှမှုတွေ ပိုဆိုးလာနိုင်လို့ ဆိုကြပါတယ်။ ဆရာဆရာမများ သမဂ္ဂတွေကလည်း အစိုးရဟာ သူတို့ စိုးရိမ်မှုကို အလေးအထားဘဲ ပြုပြင်ပြောင်းလဲရေးကို ဇွတ်တွန်းနေတာကို အပြစ်တင်ကြပါတယ်။ ပါရီမြို့နဲ့ တခြားမြို့တွေမှာ ဆရာဆရာမတွေ ဆန္ဒပြနေတဲ့အချိန်မှာ ပညာရေးဝန်ကြီးက အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး ကောလိပ်အဆင့် ဆရာဆရာတွေထဲက ၄ ပုံ ၁ ပုံဟာ သပိတ်မှာ ပါဝင်နေကြတယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ - ရိုက်တာ [gallery ids="93843,93844,93845,93846"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up