Home
မြန်မာသတင်း
ပလောင်နှင့်အစိုးတပ် တိုက်ပွဲဆက်လက်ဖြစ်ပွား
နော်နိုရင်း
·
May 20, 2015
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲက နမ့်ဖတ်ကာကျေးရွာအနီးမှာ တအာင်း-ပလောင်တပ်မတော် (တီအန်အယ်လ်အေ) နဲ့ မြန်မာစစ်တပ်တို့ မေ ၁၈ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တီအန်အယ်လ်အေ ပြန်ကြားရေးအရာရှိ မိုင်အိုက်ကျော်က “အဓိကကတော့ ထိုးစစ်ကြောင့် ဖြစ်တာပေါ့နော်။ ဖြစ်တဲ့အချိန်က ညနေ ၃ နာရီ ၁၃ လောက်ကနေ ၄ နာရီခွဲအထိဖြစ်တယ်။ အဲဒီမှာ ကျနော်တို့ရဲ့ တပ်ဖွဲ့တွေက သူတို့ရဲ့ တပ်ဖွဲ့လုပ်ငန်း ဆောင်ရွက် နေတဲ့အချိန် မနက် ၇ နာရီခွဲလောက်ကနေစပြီးတော့မှ  နမ့်ဖတ်ကာအခြေစိုက် ခလရ ၁၂၃ က အဖွဲ့တွေက လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာ။ ၃ နာရီလောက်ရောက်တဲ့ အချိန်ကျတော့ သူတို့ ကျနော်တို့ အဖွဲ့ရှိတဲ့နေရာကို ချီတက်လာတယ်။ ချီတက်တဲ့အချိန်မှာပဲ ကျနော်တို့ အဖွဲ့နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်တာ။” တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှု မသိရသေးဘူးလို့လည်း ပြောပါတယ်။ တိုက်ပွဲမဖြစ်ခင် မနက်ပိုင်းမှာ တအာင်း-ပလောင်တပ်မတော်အဖွဲ့ကနေ မူဆယ်-မန္တလေး လမ်းမပေါ်မှာ မော်တော်ကားတွေ အခွန်ကောက်ခံမှုတွေ လုပ်ဆောင်ခဲ့ပါ တယ်။ [caption id="attachment_93807" align="alignright" width="416"] ဓာတ်ပုံ - TNLA[/caption] “အဓိက ကောက်ခံတဲ့အကြောင်းအရင်းကတော့ ကျနော်တို့အဖွဲ့ရဲ့တော်လှန်ရေး ရန်ပုံငွေလို့ ပြောရမှာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ဒီ ၂၀၁၄-၁၅မှာ  ကျနော်တို့ ဒေသမှာ အစိုးရစစ်တပ်တွေက ထိုးစစ်ဆင်မှု တအားများလာတယ်။ ပြီးရင် တိုက်ပွဲတွေ တအားများလာတဲ့အတွက် ကျနော်တို့ လမ်းမပေါ်တက်ပြီး အခွန်ကောက်ခံ တာဖြစ်တယ်။” ကားတွေကို ၁ သောင်းကနေ ၁ သိန်းလောက်အထိ ကောက်ခံပြီး မပေးနိုင်သူတွေ ကိုတော့ ပြန်လွှတ်ပေးတယ်လို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်တဲ့နေ့က သူတို့တပ်ဖွဲ့တွေ အခွန်ကောက်နေတဲ့ ၂ မိုင်လောက်ဝေးတဲ့ နေရာမှာဖြစ်တာလို့လည်း မိုင်အိုက်ကျော်က ပြောပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီအနေနဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးနိုင်ခဲ့ပေမယ့် တအာင်း-ပလောင်အဖွဲ့နဲ့တော့ အပစ်ရပ်တွေ့ဆုံဆွေးနွေးခြင်း မပြုလုပ်ခဲ့သေးပါဘူး။ ဒါ့အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့နဲ့ တိုင်းရင်းသားအဖွဲ့ (အန်စီစီတီ) တို့အကြား အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူကြမ်းကို လက်မှတ်ရေးထိုးနိုင်ခဲ့ပေမယ့်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဘက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာအစိုးရစစ်တပ်တို့အကြား စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ပြေးဒုက္ခသည်တွေလည်း တိုးပွားနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024