နီပေါငလျင်ကြောင့် လူသေဆုံးမှု အမြင့်မားဆုံး စံချိန်သစ်တင်

နီပေါနိုင်ငံတွင်း အကြီးစား ငလျင် ၂ ခုကြောင့် ဟိမဝန္တာတောင်တန်းနိုင်ငံလေးမှာ ကပ်ဘေးတွေအတွင်း လူသေဆုံးမှု အမြင့်မားဆုံး စံချိန်သစ် ဖြစ်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အား ရစ်ချတ်တာစကေးလ် ၇.၈ ရှိတဲ့ ငလျင်ကြောင့် ထောင်နဲ့ ချီတဲ့လူတွေ သေဆုံးပြီး ကျေးလက်ဒေသတွေမှာ အရေးပေါ် ဆေးဘက် အစောင့်အရှောက်တွေ မရနိုင် ဖြစ်ခဲ့တာပါ။ A man feeds pigeons near the debris of a collapsed temple after the earthquake in Kathmanduငလျင်ကြောင့် နာလံထူစမှာ နီပေါနိုင်ငံ မြို့တော် ခတ္တမန္ဒူရဲ့ အရှေ့ဘက် ၄၇ မိုင်အကွာကို ဗဟိုပြုပြီး အကြီးစား ငလျင်တရပ် ဒုတိယအကြိမ် ထပ်လှုပ်ခဲ့ပါတယ်။ ဒါကြောင့် လူအယောက် ၇ သောင်း ၆ ထောင် ဒဏ်ရာရခဲ့ပြီး ထောင်သောင်းချီနေတဲ့ အိမ်တွေ၊ ဘုရားတွေ၊ အထိမ်းအမှတ် ပြတိုက်တွေနဲ့ ရှေးဟောင်းဘုရားကျောင်းတွေ ပြိုကျ ပျက်စီးခဲ့ပါတယ်။   ပြည်ထဲရေးဝန်ကြီးဌာနက ငလျင် ၂ ရပ်ပေါင်း သေဆုံးသူ ဦးရေ ၈၅၈၃ ယောက်ရှိပြီလို့ မေ ၁၈ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ အိမ်ခြေ ၅ သိန်းကျော် လုံးဝပြိုကျခဲ့ပြီး အိမ်ခြေ ၃ သိန်းကျော်က တစိတ်တပိုင်း ပျက်စီးခဲ့တယ်။ အစိုးရ အဆောက်အဦ ၁၀၀၀ နီးပါး လုံးဝ ပြိုကျခဲ့တယ်လို့ နီပေါဝန်ကြီးချုပ် ဆူရှီလ် ကွိုင်ရာလာက ပြီးခဲ့တဲ့ မေ ၁၇ ရက်နေ့က ပြောပါတယ်။ ဒုတိယငလျင်ကြောင့် ခတ္တမန္ဒူမြို့တော် အရှေ့ဘက် ဒိုလာခါခရိုင်မှာ မြေပြိုမှု ဒါဇင်ပေါင်းများစွာ ပြိုကျခဲ့လို့ ဝေးလံသီခေါင်တဲ့ ရွာတွေဆီ သွားတဲ့လမ်းတွေ ပိတ်ကုန်ပါတယ်။ ဒေသခံတွေကတော့ ငလျင် ၂ ခုကြောင့် နိုင်ငံခြားသား ၅၈ ယောက် သေဆုံးတယ် နိုင်ငံတွင်းက ထွက်ခွာချိန်မှာ အာဏာပိုင်တွေနဲ့ စာရင်းမသွင်းတဲ့ ကျောပိုးအိတ် ခရီးသည်တွေ ဖြစ်နိုင်တဲ့ နိုင်ငံခြားသား ၁၁၂ ယောက်လည်း ပျောက်ဆုံးနေတယ်လို့ မေ ၁၇ ရက်နေ့က ပြောခဲ့ပါတယ်။ ပထမ ငလျင်အပြီး သီတင်းပတ် ၃ ပတ် အထိ ဒုတိယငလျင်အပြီး မြေပြင်တုန်ခါမှု အသေးစားတွေ တိုင်းပြည်တလွှား လှုပ်ခတ် နေခဲ့ပါတယ်။ နီပေါနိုင်ငံတွင်း ၁၉၃၄ ခုနှစ်က ငလျင်ကြောင့် လူအယောက် ၈၅၁၉ ယောက် သေဆုံးခဲ့ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up