Home
မြန်မာသတင်း
ကိုးကန့်ဒေသကို စစ်အုပ်ချုပ်ရေးကာလ တိုးမြှင့်ကြောင်း သမ္မတကြေညာ
ပိုင်စိုး
·
May 19, 2015
အရေးပေါ်အခြေအနေကြေညာပြီး စစ်တပ်အုပ်ချုပ်ခဲ့တာ သုံးလကြာခဲ့ပေမယ့် မူလအခြေအနေ ကို ပြန်မရောက်သေးလို့ စစ်အုပ်ချုပ်ရေးကို တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ နိုင်ငံတော် သမ္မတက မေ ၁၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မြန်မာ့တပ်မတော်နဲ့ ကိုးကန့်တပ်တွေ ဖေဖော်ဝါရီ ၉ ရက်က စပြီး တိုက်ပွဲဖြစ်ပွားခဲ့တဲ့နောက် ဖေဖော်ဝါရီ ၁၇ နေ့မှာ အရေးပေါ် အခြေအနေကြေငြာပြီး စစ်တပ်ကို အုပ်ချုပ်စေခဲ့တာပါ။ မေ ၁၇ ရက်နေ့မှာ ၃ လ ပြည့်ပြီဖြစ်ပေမယ့် အဲဒီဒေသရဲ့ အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်း သာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးတွေဟာ မူအခြေအနေအတိုင်း ပြန်မရောက်သေးဘူးလို့ သမ္မတရဲ့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်မှာဖော်ပြလိုက်ပါတယ်။ ဒီအတွက် မေ ၁၅ ရက် မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ကို အရေးပေါ် အခြေအနေကြေညာတဲ့အမိန့်ကို သက်တမ်းတိုးဖို့ တင်ပြခဲ့ပြီး လွှတ်တော်က သဘောတူခဲ့တာပါ။ ဒုတိယအကြိမ် အရေးပေါ်အခြေအနေဖြစ်သွားတဲ့ ကိုးကန့်ဒေသဟာ သြဂုတ်လ ၁၇ ရက်နေ့အထိ စစ်အုပ်ချုပ်ရေးအောက်ကိုရောက်သွားမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024