ငလျင်ဒဏ်ကြောင့် ပိတ်ထားရသည့် တရုတ်-နီပေါ နယ်စပ်အဝေးပြေးလမ်း ပြန်ဖွင့်

ငလျင်ကြောင့် ပျက်စီးသွားခဲ့တဲ့ တရုတ်ပြည်နဲ့ နီပေါနိုင်ငံကြား ဆက်သွယ်ထားတဲ့ နယ်စပ် အဝေးပြေးလမ်းမကို ပြီးခဲ့တဲ့ မေ ၁၇ ရက်နေ့က ပြန်ဖွင့်လိုက်ပါတယ်။ xinsrc_222080611142664021281ဒီ အဝေးပြေးလမ်းမကို ၁၉၆၅ ခုနှစ်က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး တရုတ်ပြည် တိဘက်ဒေသ မြို့တော် လာဆာနဲ့ နီပေါနိုင်ငံ မြို့တော်ကက်သမန်ဒူတို့ကို ဆက်သွယ်ပေးတဲ့ အရေးကြီးတဲ့ လမ်းမ ဖြစ်ပါတယ်။ ဧပြီ ၂၅ ရက်နေ့က နီပေါငလျင်နဲ့ နောက်ဆက်တွဲ ငလျင်တွေကြောင့် လမ်းမကြီးလည်း ပျက်စီးသွားပြီး အသွားအလာတွေ ရပ်တန့်ပြီး ပိတ်ပစ်ခဲ့ရပါတယ်။ အခုတော့ လမ်းကို ပြန်ဖွင့်နိုင်ပြီ ဖြစ်လို့  တရုတ်ပြည်ကနေ ပို့ပေးမယ့် ငလျင်ဒုက္ခသည်တွေအတွက် အကူအညီတွေကိုလည်း အဆိုးဆုံးခံရတဲ့ ဒေသတွေအထိ အရောက် ပို့နိုင်တော့မှာ ဖြစ်ပါတယ်။ တရုတ်ပြည်ကနေ ကွင်းဆင်း ဆေးရုံ ၂ ရုံကိုလည်း မေ ၁၈ ရက် ဒီနေ့မှာ နီပေါနိုင်ငံဘက်ကို ပို့ပေးဖို့ ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up