လိင်တူချင်းစုံမက်သူများကို ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၇ ဦးကို ရုရှားတွင် ဖမ်းဆီး

ရုရှားရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ မေ ၁၇ ရက်နေ့က ဆန္ဒပြသမား ၁၇ ယောက်ကို မြို့တော် မော်စကိုမှာ ဖမ်းဆီးလိုက်ပါတယ်။ ဆန္ဒပြသမား အယောက် ၅၀ လောက်ဟာ မော်စကိုမြို့တော်  ရင်ပြင်တခု စုဝေးပြီ နိုင်ငံတကာ လိင်တူချင်းစုံမက်သူတွေကို ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး အထိမ်းအမှတ်အဖြစ် ရောင်စုံ မိုးပျံပူးပေါင်းတွေကို လွှတ်တင်ဖို့ စုရုံနေစဉ်မှာ အဖမ်းခံလိုက်ရတာ ဖြစ်ပါတယ်။ ဆန္ဒပြဖို့ ဆော်သြခဲ့သူ တယောက်ဖြစ်တဲ့ အန်ဒရေး အိုဘိုလန်စကီး အပါအ၀င် ၁၇ ယောက်ကို ရဲက ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။ ရုရှားမှာ ဂေးလ်အသိုင်းအ၀ိုင်းဟာ ၂၀၁၃ ခုနှစ်က ထုတ်ပြန်ထားတဲ့ ဥပဒေအရ အခုလို စည်းရုံးလှုပ်ရှားမှုတွေမှာ အကန့်အသတ်တွေ ရှိလာပါတယ်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကလည်း ၂၀၁၂ ခုနှစ်မှာ သမ္မတအဖြစ် ပြန်လည် တာဝန်ယူတဲ့အချိန်ကစလို့ ရှေးရိုးစွဲ ပိုဆန်တဲ့ လမ်းကြောင်းကို ဦးတည်ခဲ့ပါတယ်၊ သူ သမ္မတပြန်ဖြစ်လာပြီး တနှစ်အကြာမှာ ထုတ်ပြန်တဲ့ အဲဒီဥပဒေကို ရုရှားက လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ အနောက်ကမ္ဘာကပါ ကန့်ကွက်ခဲ့ကြပေမယ့် ဘာသာရေးအစွဲကြီးတဲ့ အသိုင်းအ၀ိုင်းနဲ့ ဂေးလ်အသိုင်းအ၀ိုင်းကို အမြင်စောင်းတဲ့လူတွေက ထောက်ခံကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up