Home
မြန်မာသတင်း
နိုင်ငံရေးပါတီခေါင်းဆောင်များ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမည်
DVB
·
May 18, 2015
မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးခန်းမမှာ ဒီကနေ့ မေလ ၁၈ ရက် ဒီကနေ့ညနေ တွေ့ဆုံဆွေးနွေးဖို့ရှိနေတယ်လို့ ဖိတ်ကြားခံရတဲ့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။ ဆွေးနွေးမယ့် အကြောင်းအရာ အသေးစိတ်မသိရပေမယ့် တစ်ပါတီကို ခေါင်းဆောင် ၂ ဦးစီ တက်ရောက်ဖို့ ဖိတ်စာပို့ထားတာလို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီခေါင်းဆောင် ဦးခင်မောင်ဆွေကပြောပါတယ်။ “အဓိက ခေါင်းစဉ်ကတော့ ဘာမှပေးထားတာ မရှိပါဘူး။ နိုင်ငံရေးပါတီတွေနဲ့ သမ္မတ အခါအားလျော်စွာဆုံတာ ရှိပါတယ်။ အပြန်အလှန်သတင်းဖလှယ်တာတို့ ပြောချင်ဆိုချင်တာ တွေ ပြောနိုင်အောင် လမ်းဖွင့်ပေးတာပေါ့။ သမ္မတမိန့်ခွန်းပြောပြီးရင် သူက ၂ ချက် ၃ ချက်လောက်ပြောပြီးရင် ဒီဘက်ကတော့ အဲဒီအပေါ်မူတည်ပြီး ဆွေးနွေးကြမှာပါပဲ၊ ကျနော်လည်း အခြေအနေကြည့်ပြီးတော့မှ ပြောမယ်လို့ စိတ်ကူးထားတယ်။ အဓိကတော့ လယ်ယာပြသနာတွေ နောက်တခါ စီးပွားရေးပြဿ နာတွေ၊ တရားဥဒေစိုးမိုးရေးနဲ့ ပတ်သက်တဲ့ ကျောင်းသားတွေကို ရဲကဖြေရှင်းတဲ့ဟာက အင်အားသုံးတဲ့ဟာတွေရှိတာ ဆွေးနွေးခွင့်ရရင် ဆွေးနွေးချင်တယ်။” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖို့ မရှိဘဲ ပါတီဗဟိုအလုပ်မှုဆောင်တွေဖြစ်တဲ့ ဦးဉာဏ်ဝင်းနဲ့ ဦးဟံသာမြင့်တို့ တက်ရောက်ဖို့ ရှိတယ်လို့ ပါတီက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024