အာဖဂန်တွင် အီးယူယာဉ်တန်း ဗုံးခွဲတိုက်ခိုက်ခံရ၊ အရပ်သား ၃ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်လေဆိပ်နားမှာ အီးယူ ယာဉ်တန်းကို ပစ်မှတ်ထားတဲ့ အသေခံ ဗုံးခွဲတိုက်ခိုက်မှု မေ ၁၇ ရက်နေ့က ဖြစ်ခဲ့ပြီး အရပ်သား ၃ ဦး သေဆုံးသွားပါတယ်။ [caption id="attachment_93477" align="alignright" width="481"] ဓာတ်ပုံ - ရိုက်တာ[/caption] ဗုံးပေါက်တဲ့ နေရာဟာ လေဆိပ်အ၀င်ပေါက်ကနေ မီတာ ၂၀၀ အကွာ နေတိုးစစ်မဟာမိတ်အဖွဲ့ရဲ့ အခြေစိုက်စခန်းဆီကို ဦးတည်တဲ့ လမ်းမပေါ်မှာ ဖြစ်ပါတယ်။ တာလီဘန်အဖွဲ့က သူတို့ လက်ချက်ပါလို့ ကြေညာပါတယ်။ အာဖဂန်နစ္စတန် ရဲအဖွဲ့ကို အကူအညီပေးနေတဲ့ အီးယူ ရဲလုပ်ငန်းအဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်ပါတယ်။ အီးယူ ရဲလုပ်ငန်းအဖွဲ့ (EUPOL)  အဖွဲ့ကလည်း သူတို့ ယာဉ်တစီး တိုက်ခိုက်ခံရတယ်လို့ အတည်ပြုပါတယ်။ ဒါပေမယ့် အီးယူရဲလုပ်ငန်းအဖွဲ့ဝင်တွေ အားလုံး ဘေးကင်းတဲ့ နေရာမှာ ရှိနေတယ်လို့လည်း ပြောပါတယ်။ ဒဏ်ရာရသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက သယ်ဆောင်သွားသလို၊ ရဲတွေကလည်း လမ်းကို ပိတ်လိုက်ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော်မှာ ဇန်န၀ါရီလကတည်း တိုက်ခိုက်မှုတွေ ဖြစ်နေတာ ကျန်ခဲ့တဲ့ ၂ ပတ်မှာ ပိုဆိုးလာပါတယ်။ အရင်တပတ် မေ ၁၃ ရက်နေ့ညကလည်း သေနတ်သမားတွေက ထင်ရှားတဲ့ ဧည့်သည်ရိပ်သာမှာ ဂီတပွဲ ကျင်းပဖို့ ပြင်ဆင်နေချိန်မှာ သေနတ်နဲ့ ၀င်ပစ်ခဲ့လို့ နိုင်ငံခြားသား ၉ ယောက်အပါအ၀င် လူ ၁၄ ယောက် သေဆုံးခဲ့ပါတယ်။ ဒါအပြင် ရှေ့နေ့ချုပ်ရုံးက ၀န်ထမ်းတွေကို သယ်ဆောင်တဲ့ကားကိုလည်း ၁ ပတ်အတွင်း ၂ ကြိမ် တိုက်ခိုက်ခဲ့လို့ လူ ၄ ဦး သေဆုံးခဲ့ပါတယ်။ တာလီဘန်တွေက အာားလုံး သူတို့ လက်ချက်ပါလို့ ကြေညာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up