ကမ္ဘာ့ဒုတိယအမြင့်ဆုံး မိုးမျှော်အဆောက်အအုံ အစမ်းဖွင့်လှစ်

ကမ္ဘာ့ဒုတိယအမြင့်ဆုံး မိုးမျှော် အဆောက်အအုံကို တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ မေ ၁၅ ရက်နေ့က အစမ်းသဘော ဖွင့်လှစ်ပါတယ်။ ရှန်ဟိုင်း မိုးမျှော်အဆောက်အအုံဟာ ၆၃၂ မီတာ မြင့်ပြီး တရုတ်ပြည်မှာတော့ အမြင့်ဆုံး ဖြစ်ပါတယ်။ ဒူဘိုင်းမှာ ရှိတဲ့ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်နဲ့ နှိုင်းယှဉ်ရင် မီတာ ၂၀၀ နိမ့်ပါတယ်။ ရှန်ဟိုင်း မိုးမျှော် အဆောက်အအုံကို ဒီနှစ်နွေမှာ အချောသတ်ဖို့ ရည်မှန်းထားပါတယ်။ ဗိသုကာချုပ် Marshall Strabala က “တရုတ်ပြည်ဟာ စီးပွားရေး အလျင်အမြန် တိုးတက်နေသလို ကမ္ဘာသိတဲ့အဆောက်အဦတွေလည်း တခုခုပြီး တခု ပေါ်လာနေတယ်။ အခုအဆောက်အအုံကို တည်ဆောက်ခွင့်ရလို့ ဂုဏ်ယူတယ်” လို့ ပြောပါတယ်။ ရှန်ဟိုင်း တာဝါမှာ ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းတွေနဲ့ အစိုးရအဖွဲ့အစည်းတွေအတွက် ရုံးခန်းဖွင့်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ [gallery ids="93455,93456,93457,93458,93459,93460,93461,93462,93463,93464,93465,93466"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up