ဂွါတီမာလာအစိုးရ၏ လာဘ်ပေးလာဘ်ယူမှုအရှုပ်တော်ပုံ ပြည်သူထောင်ချီ ဆန္ဒပြ

ဂွါတီမာလာနိုင်ငံမှာ အစိုးရရဲ့ လာဘ်ပေးလာဘ်ယူမှုကို ကန့်ကွက်တဲ့အနေနဲ့ ပြည်သူထောင်ချီ မေ ၁၆ ရက်နေ့က လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ လာဘ်ပေးလာဘ်ယူမှု အရှုပ်တော်ပုံကြောင့် ဒုတိယ သမ္မတ Roxana Baldetti  နုတ်ထွက်ပေးခဲ့ရပြီး စစ်ဆေးခံနေရပါတယ်။ ဆန္ဒပြသမားတွေထဲက ပင်စင်စားတွေလည်း ပါဝင်ပြီး လာဘ်ပေးလာဘ်ယူ အရှုပ်တော်ပုံ သတင်းကြောင့် အံ့သြခဲ့ရပြီး နောက်ထပ် ဒါမျိုး မဖြစ်စေဖို့ အခုလို ဆန္ဒပြတာလို့ ပင်စင်စားတဦးက ပြောပါတယ်။ ဆန္ဒပြသမား တခြားတဦးကလည်း လက်ရှိသမ္မတ Otto Perez ဟာ ညံ့ဖျင်းတဲ့ သမ္မတဖြစ်လို့ ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုကြောင်း ပြောပါတယ်။ သမ္မတ  Perez Molina ဟာ ဗိုလ်ချုပ်ဟောင်း ဖြစ်ပြီး ပြည်တွင်းစစ်ကာလ ၁၉၆၀ ကနေ ၁၉၉၆ အထိ စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူ့အစိုးရက အကောက်ခွန် ငွေတွေကို မရိုးမသား လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် သူ့ရဲ့ Patriot Party မျိုးချစ် ပါတီအတွက် စက်တင်ဘာ ရွေးကောက်ပွဲကျရင် အထိနာဖွယ်ရှိပါတယ်။ [gallery ids="93429,93430,93432,93433,93434"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up