ဆလိုဗက်ကီးယား လက်ဝှေ့ပြိုင်ပွဲ တူးတူးနှင့်ရဲတံခွန် ၀င်ရောက်ယှဉ်ပြိုင်

မေလ ၁၅ ရက်​ ညပိုင်းက ဆလိုဗက်​ကီးယားနိုင်​ငံမှာ ကျင်းပတဲ့ လက်ဝှေ့ပြိုင်​ပွဲကို မြန်​မာ့ရိုးရာလက်​​ဝှေသမား တူးတူးနဲ့ ရဲတံခွန်​တို့သွား​ရောက်​ယှဉ်​ပြိုင်​ခဲ့ပါတယ်​။ ဒီပြိုင်​ပွဲကို နိုင်​ငံ​ပေါင်း ၁၄ နိုင်​ငံက ပါဝင်​ခဲ့တာဖြစ်​ပါတယ်​။ မြန်မာ့ရိုးရာ လက်ဝှေ့သမား တူးတူးအ​နေနဲ့ ၇၅ ကီလိုတန်း ပွဲစဉ်​အဖြစ်​ ဆလိုဗက်​ကီးယား လက်​​ဝှေ့သမား ဒင်းနစ်​နဲ့ ယှဉ်​ပြိုင်​ရာမှာ အရှုံးအနိုင်​ မ​ပေါ်ခဲ့ပါဘူး။ ပထမအချီမှာ ဒင်းနစ်​ အနား​တောင်းလိုက်​ရသလို ကျန်​အချီ​တွေမှာလည်း တူးတူးက လက်​ ရည်​သာခဲ့တယ်​။ဒါ​ပေမယ့်​ ၃ ချီသာ ယှဉ်​ပြိုင်​ရတဲ့ ဒီပွဲစဉ်​မှာ ဒင်းနစ်​က အလဲထိုးမခံရ​အောင်​ ကြိုးစားသွားပြီး သ​ရေရယူသွားတာပါ။ ၇၀ ကီလိုတန်းပွဲစဉ်​မှာ​တော့ ရဲတံခွန်​က လက်​ရည်​နိမ့်​ပြီး အမှတ်​စဉ်​ ၃ကြိမ်​ ​ရေတွက်​ခံခဲ့ရတယ်​။ ဒီပွဲစဉ်​ကို အမှတ်​​ပေးဆုံးဖြတ်​ချက်အရ ရဲတံခွန်​ရှုံးနိမ့်​ခဲ့ပါတယ်​။ ပွဲစဉ်​ ၂ ပွဲလုံးကို မြန်​မာ့ရိုးရာလက်​​ဝှေ့စည်းမျဉ်း စည်းကမ်းအတိုင်း ကျင်းပခဲ့တာဖြစ်​ပါတယ်​။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up