ဟောလီးဝုဒ် မင်းသမီး နီပေါငလျင်ဘေးသင့်ဒေသကို သွားရောက်ကူညီ

ဟောလီးဝုဒ် သရုပ်ဆောင် မင်းသမီး မီရှဲလ်ယို(Michelle Yeoh) က နီပေါမှာ ငလျင်ဘေးသင့် ဒုက္ခသည်တွေကို သွားရောက် အကူအညီပေးနေပါတယ်။ ဒုက္ခသည်တွေအတွက် အကူအညီတွေ ဖြန့်ဝေပေးတဲ့ လုပ်ငန်းမှာ ကိုယ်တိုင် အကူအညီပေးနေရင်းနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကိုလည်း နောက်ထပ် အကူအညီတွေ တိုးပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။ နီပေါနိုင်ငံဟာ သုံးပတ်အတွင်း အားပြင်းတဲ့ ငလျင်ဒဏ်နဲ့ ၂ ခါ ကြုံခဲ့ရပြီး လူပေါင်း ၇၆၀၀၀ လောက် ဒဏ်ရရသလို အဆောက်အအုံ ရာပေါင်းများစွာ ပျက်စီးခဲ့ပါတယ်။ ဧပြီလ ၂၅ ရက်နေ့က ပြင်းအား ၇ဒသမ ၈ ရှိတဲ့ ငလျင်လှုပ်တဲ့အချိန်က  မလေးရှား မင်းသမီးနဲ့ သူ့ခင်ပွန်းတို့ မြို့တော် ကက်သမန်ဒူမှာ  ရောက်နေပါတယ်။ "Tomorrow Never Dies" မှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Michelle Yeoh ဟာ  "Live to Love"  အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းရဲ့ သံတမန်အဖြစ် ရောက်နေတုန်းမှာ ငလျင်ဘေးနဲ့ ကြုံလိုက်ရတာလည်း ဖြစ်ပါတယ်။ မင်းသမီး Michelle Yeoh  က “ကျမ အခု ကက်သမန်ဒူမှာ ရောက်နေပါတယ်။ ဒီကို ရောက်မလာနိုင်သေးတဲ့ နိုင်ငံတကာက မိတ်ဆွေတွေ အားလုံးကို ပေးချင်တဲ့ သတင်းစကားကတော့ နီပေါက ကျမတို့ မိတ်ဆွေတွေကို တတ်နိုင်သလောက် ကူညီပေးကြပါ။ တကယ်လိုအပ်နေတဲ့ လူတွေဆီကို အကူအညီတွေ ရောက်အောင် ကူညီကြပါ” လို့ ပြောပါတယ်။ ငလျင်ဘေး နှစ်ခုအတွင်း သေဆုံးသူ ဦးရေဟာ ၈၅၀၀ ကျော်ခဲ့ပီး ၁၉၃၄ က နီပေါမျက်မှောက်သမိုင်းမှာ အဆိုးဆုံး ငလျင်ဘေးတုန်းက လူသေစာရင်းထက် ပိုသွားပါတယ်။ အရေးပေါ် အကူအညီ ဒေါ်လာ ၄၂၃ သန်းကို ကုလသမဂ္ဂက အလှူခံထားပြီး  လူပေါင်း ၃ သန်းလောက်ဟာ သုံးလစာ နေစရာ ရေနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ [gallery ids="93393,93394,93395,93396,93397,93398,93399,93400,93401"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up