Home
မြန်မာသတင်း
မြန်မာ့ပုဂ္ဂလိကကဏ္ဍ အာရှဖွံ့ဖြိုးရေးဘဏ်က ဒေါ်လာ ၁ ဘီလီယံ ကူညီမည်
ပိုင်စိုး
·
May 16, 2015
အစိုးရပါဝင်ပတ်သက်တာမရှိတဲ့ မြန်မာနိုင်ငံက ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) က ၂၀၁၆ မကုန်မီ အမေရိကန်ဒေါ်လာ ဒေါ်လာ ၁ ဘီလီယံအထိ ပံ့ပိုးကူညီဖို့ မျှော်မှန်းထားပါတယ်။ မြန်မာနဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့ဟာ ပုဂ္ဂလိက ကဏ္ဍဆိုင်ရာ မူဘောင်သဘောတူညီချက်တစ်ရပ်ကို မေ ၁၅ ရက်မှာ လက်မှတ်ရေးထိုးခဲ့ကြပြီး ထုတ်ပြန်ချက်မှာ ဖော်ပြလိုက်တာပါ။ အဲဒီသဘောတူညီချက်အရ မြန်မာနိုင်ငံက ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ စီးပွားရေး စီမံကိန်းတွေကို အေဒီဘီက ချေးငွေ၊ ရှယ်ယာရင်းနှီးမြှုပ်နှံမှုနဲ့ အာမခံချက်တွေ၊ ပြီးတော့ အေဒီဘီက စီမံခန့်ခွဲတဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းတွေရဲ့ ချေးငွေနဲ့ ငွေကြေးဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းတွေကို တိုက်ရိုက်ပံ့ပိုးနိုင်တော့မှာ  ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မတိုင်မီ ၀င်ငွေအလယ်အလတ်နိုင်ငံ အဆင့်ကို ရရှိဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက် အမေရိကန်ဒေါ်လာ ၈၀ ဘီလီယံ ရှိနေတယ်လို့ အေဒီဘီက ခန့်မှန်းထားပါတယ်။ [gallery ids="93228,93229,93230,93231,93232"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024