Home
မြန်မာသတင်း
မုံရွာ-ခင်ဦး မီးရထားတွဲ တိမ်းမှောက် (ရုပ်သံ)
DVB
·
May 15, 2015
မုံရွာမြို့ကနေ ခင်ဦးမြို့ကို ပြေးဆွဲနေတဲ့ မီးရထားတတွဲ မြို့အထွက်မှာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။ မုံရွာမြို့နဲ့ ခင်ဦးမြို့ကို ပြေးဆွဲနေတဲ့ မီးရထား အတွဲတတွဲဟာ မေလ ၁၄ ရက် နေ့လယ် ၃ နာရီအချိန်လောက်က မုံရွာမြို့အထွက် အထပ်သားစက်ရုံအနီးမှာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။ မုံရွာဘူတာကြီးကနေ ၂ နာရီ ၁၅ မိနစ်က စတင်ထွက်ရှိခဲ့ပြီး မုံရွာမြို့အထွက် အထပ်သား စက်ရုံအနီး ရောက်ရှိတဲ့အခါမှာ အခုလို တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။ ရထားတွဲမှာ ပါလာတဲ့ ခရီးသည်ဦးရေ ၈၀ လောက်ရှိပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရတဲ့သူတော့ မရှိပါဘူး။ စက်ခေါင်း အနောက် ၃ တွဲမြောက် ရထားတွဲ မှောက်ခဲ့တာဖြစ်ပြီး တွဲအောက်ခြေက ဘီးတွေနဲ့ စက်ပစ္စည်းတချို့ တိမ်းမှောက်တဲ့ အရှိန်ကြောင့် ပြတ်ထွက်ကုန်ပါတယ်။ ဒီရထားတိမ်းမှောက်ရတဲ့ အကြောင်းအရင်းကိုတော့ အတိအကျ မသိရသေးဘဲ စုံစမ်းနေဆဲ ဖြစ်တယ်လို့ အလုံမီးရထားရုံပိုင် ဦးစောသိန်းဝင်းက ဆိုပါတယ်။ မုံရွာမြို့အထွက် မီရထားတိမ်းမှောက်မှုဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး မုံရွာ-ခင်ဦး မီးရထားခရီးစဉ်တွေ ခေတ္တ ရပ်ဆိုင်းထားရပါတယ်။ ရထားတွဲ တိမ်းမှောက်မှုကြောင့် ကားကြုံတွေနဲ့ ခရီးသည်တချို့ကို တင်ဆောင်သွားကြပေမယ့် ခရီးသည်များတဲ့အတွက် ကားမလုံလောက်မှုတွေ ဖြစ်ခဲ့ပြီး ကြန့်ကြာမှုတွေ ရှိခဲ့တယ်လို့ ခရီးသည်တွေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024