ဘရွန်ဒီတွင် အာဏာသိမ်းရန်ကြိုးပမ်းသည့် ဗိုလ်ချုပ် ၃ ဦးကို ဖမ်း

စစ်ဗိုလ်ချုပ်ကြီး ဂုတ်ဖွာ နီယွန်ဘရီ
နိုင်ငံရေး မတည်ငြိမ် ဖြစ်နေတဲ့ ဘရွန်ဒီနိုင်ငံမှာ အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့တဲ့ ဗိုလ်ချုပ် ၃ ဦးကို ဖမ်းဆီးလိုက်ပါတယ်။ မေ ၁၃ ရက်က အာဏာသိမ်းကြောင်း ကြေညာလိုက်တဲ့ သူတို့ရဲ့ ခေါင်းဆောင် စစ်ဗိုလ်ချုပ်ကြီး ဂုတ်ဖွာ နီယွန်ဘရီကတော့ ထွက်ပြေးနေတယ်လို သမ္မတ ပြောခွင့်ရကို ကိုးကားပြီး နိုင်ငံတကာ သတင်းတွေမှာ ရေးပါတယ်။ “သူတို့ ကျနော်တို့ကို မသတ်ဘူးလို့ မျှော်လင့်ပါတယ်၊ လက်နက်ချဖို့ ဆုံးဖြတ်လိုက်ပါပြီ” လို့ နီယွန်ဘရီက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။ သမ္မတကို သစ္စာခံတဲ့ တပ်တွေ နီးလာပြီလို့လည်း သူက ပြောပါတယ်။ အစောပိုင်းက တခြား စစ်ဗိုလ်ချုပ်တဦးကလည်း အာဏာသိမ်းတာ မအောင်မြင်ဘူးလို့ ၀န်ခံပြောဆိုထားပါတယ်။ မြို့တော် ဘူဂျန်ဘူရာမှာ ပစ်ခတ်မှုကြောင့် လူ ၅ ဦးသေဆုံးတယ်လို့ ဆိုပါတယ်။ [caption id="attachment_92999" align="aligncenter" width="562"]ဘရွန်ဒီ သမ္မတ (ဓာတ်ပုံ - ရိုက်တာ) ဘရွန်ဒီ သမ္မတ (ဓာတ်ပုံ - ရိုက်တာ)[/caption] တန်ဇန်းနီးယားမှာ ထိပ်သီးအစည်းအဝေးကို  ဘရွန်ဒီ သမ္မတ ပီးယား နျူခွန်ရွန်ဇီဇာက သွားတက်နေစဉ်မှာ အာဏာသိမ်းလိုက်တာ ဖြစ်ပါတယ်။ သမ္မတကတော့ နိုင်ငံကို ပြန်ရောက်နေပြီလို့ လူမှုရေး ကွန်ရက် တွစ်တာ စာမျက်နှာမှာ ရေးပါတယ်။ သမ္မတ တန်ဇန်နီးယား ထိပ်သီးအစည်းအဝေး တက်နေချိန်မှာ စစ်တပ်က အာဏာသိမ်းလိုက်တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up