ဂရတ်ဘေးကို ခေါ်ယူရန် မန်ယူ ကြိုးစား၊ ဗန်ပါစီနှင့်ဒီမာရီယာ ထွက်ခွာဖွယ်ရှိ

အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ စပိန်လာလီဂါ ရီးရဲလ် မက်ဒရစ် အသင်းက ဂရတ်ဘေးကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ဂရတ်ဘေးကို ခေါ်ယူဖို့ ကြိုးစားနေတာဟာ အသင်းက  ဗန်ပါစီနဲ့ ဒီမာရီယာကို နွေရာသီမှာ ထွက်ခွာဖို့ အချက် ပေးသလို ဖြစ်နေတယ်လို့  ဗြိတိန် အခြေစိုက် Mirror သတင်းက ရေးပါတယ်။ ဂရတ်ဘေးဟာ အပြောင်းအရွှေ့ဘောလုံး ဈေးကွက်မှာ မန်ယူအသင်းရဲ့ အဓိက ပစ်မှတ် ဖြစ်လာသလို ခေါ်ယူနိုင်မယ်လို့ ဆိုပါတယ်။ ဂရတ်ဘေးကို ရမယ်ဆိုရင် တပတ်လုပ်ခလစာ ပေါင် ၂ သိန်းခွဲပေးရတဲ့ ဗန်ပါစီနဲ့ ဒီမာရီယာကို မန်ယူက ထွက်ခွာခွင့် ပေးလို့ရပြီ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်တုန်းကလည်း စပါးကနေ ရီးရဲလ်ကို ပေါင် ၈၅ သန်းနဲ့ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တဲ့ အတွက် မန်ယူအသင်းက ဂရတ်ဘေးကို လက်လွတ်ခဲ့ရပါတယ်။ ရီးရဲလ်မှာ ဘေးဟာ ခက်ခက်ခဲခဲ ဖြတ်သန်းနေရသလို အသင်းရဲ့ ကျရှုံးမှုတွေအတွက် ကြားက ဒဏ်ခံနေရသူ တဦးဖြစ်နေပါတယ်။

More News
Up