Home
မြန်မာသတင်း
ရခိုင်ပြည်နယ် မင်းပြား မီးလောင်မှု နေအိမ် ၂၃ လုံး ဆုံးရှုံး
နန်းမြနဒီ
·
May 15, 2015
ရခိုင်ပြည်နယ် မင်းပြားမြို့မှာ ဒီကနေ့  မနက်က မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် နေအိမ် ၂၃ လုံး ဆုံးရှုံးသွားပါတယ်။ မီးလောင်တဲ့နေရာဟာ ဦးစိုးတင့်ရပ်ကွက် ဆန်စက်တန်းမှာဖြစ်ပြီး မနက် ၁ နာရီ မိနစ် ၄၀ အချိန်က လောင်ကျွမ်းခဲ့တာလို့ မင်းပြားမြို့နယ် မီးသတ်ရုံး တာဝန်ကျ ၀န်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။ ပျက်စီးဆုံးရှုံးမှုစာရင်းနဲ့ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ လောလောဆယ် မသိရကြောင်း ၀န်ထမ်းက  ဆက်ပြောပါတယ်။ မင်းပြားမြို့နယ် ရဲစခန်းတာဝန်ရှိသူတဦးကတော့ ဒီကနေ့မနက်မီးလောင်မှုမှာ အချိန် ၂ နာရီလောက်ကြာမြင့်ပြီး မီးသတ်ကား ၄ စီးနဲ့ ငြိမ်းသတ်ခဲ့ကြောင်း၊ ဒါပေမယ့် လူနေအိမ် ၂၃ လုံး၊ ဆန်စက် ၁ လုံးနဲ့ သစ်စက် ၂ လုံး မီးထဲပါသွားတယ်လို့ ပြောပါတယ်။ ဒီမီးလောင်မှုဟာ ပေါ့ဆမီးလို့ ယူဆရပြီး လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ ရဲအရာရှိက ပြောပါတယ်။ ဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ [gallery ids="93082,93083,93084"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024