နီပေါတွင် ပျောက်ဆုံး အမေရိကန် ရဟတ်ယာဉ်ကို ရှာဖွေ

ဓာတ်ပုံ (ရိုက်တာ)
နီပေါနိုင်ငံမှာ အမေရိကန်ရဟတ်ယာဉ်တစီး ပျောက်နေတာကို ရှာဖွေဖို့ မြို့တော် ခတ္တမန္ဒူ ထရီဘူဗန် နိုင်ငံတကာလေဆိပ်ကနေ စစ်ရဟတ်ယာဉ် ၂ စီး မေ ၁၃ ရက်က ပျံတက်သွားပုံကို အမေရိကန် ကာကွယ်ရေးဌာနက ဖြန့်ချီ လိုက်ပါတယ်။ ပျောက်ဆုံးရဟတ်ယာဉ်ပေါ်မှာ အမေရိကန် မရိန်းတပ်သား ၆ ယောက်နဲ့ နီပေါစစ်သား ၂ ယောက်ကို တင်ဆောင်ထားပါတယ်။ တိဘက်နယ်စပ်နားက ဒိုလာခါခရိုင်မှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတဲ့ ရဟတ်ယာဉ်ဟာ မေ ၁၂ ရက်က ဆက်သွယ်မှု ပြတ်တောက်ခဲ့တာပါ။ အမေရိကန်၊ အိန္ဒိယနဲ့ နီပေါ စစ်ရဟတ်ယာဉ်တွေပါတဲ့ ရှာဖွေရေးလုပ်ငန်းစဉ်အတွင်း နီပေါစစ်သား အယောက် ၄၀၀ ပါတဲ့ တပ်ရင်းလဲ ရှာနေရလို့ ကယ်ဆယ်ရေး အားထုတ်မှုတွေကနေ အရင်းအမြစ်တွေကို ခွဲပေးနေရတယ် ဆိုတဲ့ ဝေဖန်မှုတွေကိုလဲ ရင်ဆိုင်နေရပါတယ်။ နီပေါမှာ အင်အားပြင်း ငလျင်ထပ်မံလှုပ်ခတ်တဲ့ အတွက် သေဆုံးသူ ၉၁ယောက် ရှိသွားပြီလို့ နီပေါ ပြည်ထဲရေး ဝန်ကြီးဌာန က ကြာသပတေးနေ့က သတင်းထုတ်ပြန်ပါတယ်။

More News
Up