စစ်တပ်အာဏာသိမ်းမှုကြောင့် ဘရွန်ဒီ သမ္မတ နိုင်ငံပြန်မရ

ဘရွန်ဒီ သမ္မတ (ဓာတ်ပုံ - ရိုက်တာ)
ပြည်ပ ခရီးစဉ်ကိုသွားရောက်နေတဲ့ ဘရွန်ဒီ သမ္မတ ပီးယား နျူခွန်ရွန်ဇီဇာက အာဏာသိမ်းတဲ့ သတင်းကြောင့် နိုင်ငံကို ပြန်မရ ဖြစ်ခဲ့ရပါတယ်။ တန်ဇန်းနီးယား ထိပ်သီး စည်းဝေးပွဲကို တက်ရောက်ရာကနေ ပြန်လာတဲ့ နျူခွန်ရွန်ဇီဇာကို လေဆိပ်မှာ ဆင်းခွင့်မပြုဘဲ ပိတ်ထားတဲ့အတွက် တန်ဇန်းနီးယားကို ပြန်သွားရတယ်လို့ သတင်းတွေမှာ ရေးပါတယ်။ [caption id="attachment_92998" align="aligncenter" width="537"]စစ်ဗိုလ်ချုပ်ကြီး ဂုတ်ဖွာ နီယွန်ဘရီ (ဓာတ်ပုံ - ရိုက်တာ) စစ်ဗိုလ်ချုပ်ကြီး ဂုတ်ဖွာ နီယွန်ဘရီ (ဓာတ်ပုံ - ရိုက်တာ)[/caption] နိုင်ငံရေး အကျပ်အတည်း ဆိုက်နေတဲ့ ဘူရွန်ဒီနိုင်ငံမှာ အရင် သမ္မတ မဟာမိတ်နဲ့ ထောက်လှမ်းရေး အကြီးအကဲ စစ်ဗိုလ်ချုပ်ကြီး ဂုတ်ဖွာ နီယွန်ဘရီက မေ ၁၃ ရက်က အာဏာသိမ်းကြောင်း ကြေညာလိုက်ပါတယ်။ လက်ရှိသမ္မတက တတိယသက်တမ်းကို မျှော်မှန်းနေတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီတဲ့အတွက် သမ္မတကို ဖြုတ်ချလိုက်ပြီး လူထုအခြေပြုအဖွဲ့တွေနဲ့ လက်တွဲပြီး အသွင်ကူးပြောင်းရေးကာလ အစိုးရဖွဲ့စည်းသွားမယ်လို့ ကြေညာပါတယ်။ ထောင်ချီတဲ့လူတွေက လမ်းပေါ်ထွက်ပြီး ကြေညာချက်အပေါ် အောင်ပွဲခံကြပါတယ်။ လက်ရှိသမ္မတ နူရန်ဇီဇာက တတိယသက်တမ်းအတွက် ရွေးကောက်ပွဲဝင်မယ်လို့ ကြေညာထားတာကို မကျေနပ်လို့ နိုင်ငံမြို့တော်မှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာ ၃ ပတ်ထဲ ရောက်နေပါပြီ။ သမ္မတကို သစ္စာခံတဲ့ စစ်သားတွေနဲ့ အာဏာသိမ်းတာကို ထောက်ခံတဲ့သူတွေ တညလုံး တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ အာဏာသိမ်းတာ အောင်မြင်မအောင်မြင်ကတော့ ရှုပ်ထွေးနေဆဲ ဖြစ်ပါတယ်။ အရှေ့အာဖရိက ၅ နိုင်ငံအဖွဲ့မှာ ပါဝင်တဲ့ ကင်ညာ၊ ရ၀မ်ဒါ၊ ယူဂန်ဒါ၊ တန်ဇန်နီးယား တို့ကလည်း အာဏာသိမ်းမှုကို ရှုတ်ချလိုက်ပါတယ်။ burundian-soldiers-patrolတန်ဇန်းနီးယားနိုင်ငံ သမ္မတက တည်ခင်းကျင်းပတဲ့ ထိပ်သီးညီလာခံအတွင်း ကင်ညာ၊ ရဝမ်ဒါ ယူဂန္ဓာနဲ့ ဘူရွန်ဒီနိုင်ငံတွေ ပါတဲ့ အရှေ့အာဖရိက ၅ နိုင်ငံက ခေါင်းဆောင်တွေ အစည်းအဝေးကျင်းပအပြီး ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ အမေရိကန်အစိုးရတို့ကလည်း အားလုံး ထိန်းထိန်းသိမ်းသိမ်းရှိကြဖို့နဲ့ အခြေအနေကို စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up