အငြင်းပွား နယ်စပ်တွင် မြောက်ကိုရီးယား စစ်ရေးလေ့ကျင့်

ဓာတ်ပုံ - KCNA via KNS/AFP
မြောက်ကိုရီးယားက လတ်တလောနှစ်တွေအတွင်း လူသေဆုံးတဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ အငြင်းပွားဖွယ် ပင်လယ်နယ်စပ်မှာ ပစ်ခတ် လေ့ကျင့်တဲ့ စစ်ရေးလေ့ကျင့်မှုတွေ စနေတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက မေ ၁၄ ရက် ဒီနေ့မှာ ပြောပါတယ်။ မနှစ်ကလည်း မြောက်ကိုရီးယားက အလားတူ ပစ်ခတ် လေ့ကျင့်မှု လုပ်ခဲ့လို့ နယ်စပ်ရဲ့ တောင်ဘက်ကို ကျော်ပြီး ကျည်ဆန်တွေ ကျရောက်ခဲ့တာကြာင့် တောင်ကိုရီးယားဘက်က ပြန်ပစ်ခတ်ခဲ့ပါတယ်။ တောင်ကိုရီးယားရဲ့ ပူးတွဲ စစ်ဦးစီး အရာရှိချုပ် က မြောက်ကိုရီးယားဟာ အနောက်ဘက် ကမ်းရိုးတန်းနယ်စပ်ရဲ့ မြောက်ပိုင်းနယ်စပ်မျဉ်းမှာ ပြီးခဲ့တဲ့ မေ ၁၃ ရက်နေ့က စပြီး ၃ ရက် စစ်ရေးလေ့ကျင့်မှာ ဖြစ်ကြောင်း တောင်ကိုရီးယားကို မေ ၁၃ ရက်နေ့က အသိပေး ပြောကြားခဲ့တယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ကင်မင်းဆွတ်ခ်က “မြောက်ကိုရီးယားဟာ ယွန်းဖြောင်းနဲ့ ဘန်းဂ်ယောင်းကျွန်းတွေနား မြောက်ပိုင်းမှာ ပစ်ခတ်မှု ဇုန် ၂ ခု ပုံစံ ထုတ်ထားတယ်။ မနေ့က ဘန်းဂ်ယောင်းဂ်ကျွန်း မြောက်ပိုင်းက ပစ်ခတ်မှု ဇုန်ထဲကို အမြောက်တွေနဲ့ ပစ်ခဲ့တယ်။ မြောက်ကိုရီးယားက ကျနော်တို့ကို ကျူးကျော်နိုင်တဲ့ ဖြစ်နိုင်ချေရှိတယ်။ ဒါကြောင့် ကျနော်တို့ စစ်တပ်က ဖြစ်နိုင်ချေရှိတဲ့ ကျူးကျော်မှု လမ်းကြောင်းအမျိုးမျိုး အတွက် ပြင်ဆင်ထားတယ်” လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ မြောက်ကိုရီယားစစ်တပ်က တောင်ကိုရီးယားရေတပ်ကို ပိုင်နက်ရေပြင် ချိုးဖောက်တယ်လို့ စွပ်စွဲပြီး ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ အရင်အပတ်က ခြိမ်းခြောက်ခဲ့ပါတယ်။ [caption id="attachment_92987" align="aligncenter" width="599"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption] ဒုံးကျည် ပစ်လွှတ်မှုနဲ့ နျူးကလီးယား စမ်းသပ်မှုတွေအတွက် ကုလသမဂ္ဂက အကြီးအကျယ် ဒဏ်ခတ်တာ ခံထားရတဲ့ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ စစ်ပွဲကို အပစ်အခတ် ရပ်စဲထားပေမယ့် ငြိမ်းချမ်းရေးစာချုပ် မချုပ်ဆို ရသေးတာကြောင့် စစ်ပွဲတွေ ဖြစ်ပွားနေဆဲပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up