ရီးရဲလ်နည်းပြ အနာဂတ် မရေရာ

အန်ဆယ်လော့တီ
စပိန်လာလီဂါ ရီးရဲလ်မက်ဒရစ် အသင်းနည်းပြ ကားလိုစ် အန်ဆယ်လော့တီ အသင်းမှာ ဆက်ရှိနေရး မရေရာတဲ့ အနေအထားကို ရင်ဆိုင်နေရပါတယ်။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကနေ ထွက်ခွာပြီးတဲ့နောက် နောက်နှစ်အသင်းမှာ ဆက်ရှိရေးကို မသိရသေးဘူးလို့ အန်ဆယ်လော့တီက ပြောပါတယ်။ “ပွဲ ၂ ပွဲနဲ့ ၁၅ ရက်ကျန်ပါသေးတယ်၊ ဒါပြီးမှ ကျနော်တို့ ကလပ်နဲ့ စကားပြောမယ်” လို့ သူက ပြောပါတယ်။ အနာဂတ်နဲ့ပတ်သက်ပြီး ရာသီကုန်မှာ ဆက်ဆွေးနွေးမယ်လို့လည်း သူက ပြောပါတယ်။ စပိန်လာလီဂါ အမှတ်ပေးဇယားမှာ ရီးရဲလ်အသင်းဟာ ၂ ပွဲကစားဖို့ ကျန်ရှိနေပြီး ဘာစီလိုနာနဲ့ ၄ မှတ်ပြတ်နေပါတယ်။ ရီးရဲလ်အသင်းကတော့ အက်စ်ပန်ညို ဂီတာဖေးအသင်းနဲ့ ကစားရမှာ ဖြစ်သလို ဘာစီလိုနာက အက်သလက်တီကို မက်ဒရစ်နဲ့ ဒီပို့ဒီဗိုနဲ့ ကစားဖို့ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up