ဖိလစ်ပိုင် ဖိနပ်စက်ရုံမီးလောင်၊ အလုပ်သမား ၃၁ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ခြေညှပ်ဖိနပ်စက်ရုံ ပြီးခဲ့တဲ့ မေ ၁၃ ရက်နေ့က မီးလောင်ခဲ့လို့ အလုပ်သမား အနည်းဆုံး ၃၁ ဦး သေဆုံးပြီးနောက် ရဲစုံစမ်းစစ်ဆေးသူတွေက နောက်ထပ် အလောင်းတွေကို ထပ်မံ တွေ့ခဲ့ကြပါတယ်။ နောက်ထပ် လုပ်သားအတော်များများ ပျောက်ဆုံးနေဆဲ ဖြစ်ပြီး သေဆုံးသွားပြီးဆိုတာကို စိုးရိမ်ရတယ်လို့ အစိုးရနဲ့ မီးသတ်အရာရှိတွေက ပြောပါတယ်။ ပျောက်ဆုံးအလုပ်သမားတွေရဲ့ မိသားစုတွေက မီးလောင်ထား တဲ့ စက်ရုံ အဆောက်အဦ အပြင်ဘက်မှာ စောင့်ဆိုင်းနေကြပါတယ်။ [caption id="attachment_92953" align="aligncenter" width="570"]ဓာတ်ပုံ - အေအက်ဖ်ပီ ဓာတ်ပုံ - အေအက်ဖ်ပီ[/caption] ကဲင်းတက်စ် ကုန်ထုတ်လုပ်မှု ကော်ပိုရေးရှင်းပိုင် ၂ ထပ် အဆောက်အဦထဲမှာ အလုပ်သမားတွေ ပိတ်မိနေခဲ့ကြတာ ဖြစ်ပြီး မီးလောင်ရတဲ့အကြောင်းရင်းကို စုံစမ်း စစ်ဆေးနေဆဲလို့ မီးဘေးကာကွယ်ရေးဌာန အကြီးအကဲ အီရိယယ် ဘာရာယူဂါက ပြောပါတယ်။ မီးသတ်သမား ဆိုရီယာနိုကတော့ အလောင်း ၃၁ လောင်း တွေ့ထားပြီး အများစုက မီးခိုးမွှန် သေဆုံးတာလို့ ပြောပါတယ်။ သံဂဟေဆော်ရာက မီးပွားကျပြီး မီးစလောင်ခဲ့တာဖြစ်ကြောင်း၊ ရေနဲ့ ပက်တာ၊ မီးသတ်ဆေးဘူးနဲ့ ငြှိမ်းသတ်တာတွေ လုပ်ခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ ပေါက်ကွဲမှုတခုနဲ့ မီးလောင်ခဲ့ကြောင်း၊ ဒုတိယထပ်မှာ လုပ်သားအများအပြား ပိတ်မိနေခဲ့ပြီး အောက်ထပ်မှာ မီးလောင်နေမှန်း မသိခဲ့ကြကြောင်း၊ ပိတ်မိနေတာ အယောက် ၇၀ လောက်ရှိမယ်လို့ အလုပ်သမား တဦးက ပြောပါတယ်။ ဒီစက်ရုံမှာ အလုပ်သမား အယောက် ၂၀၀ ကနေ ၃၀၀ အထိ အလုပ်လုပ်နေတယ်လို့ စက်ရုံပိုင်ရှင်က ပြောပါတယ်။ [caption id="attachment_92952" align="aligncenter" width="535"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption] စက်ရုံအလုပ်သမား ၃၉ယောက် လွတ်မြောက်ခဲ့ပြီး ၆၅ ယောက် ပျောက်ဆုံးနေပါတယ်။ ဒုတိယထပ်က နံရံ အစိတ်အပိုင်းတွေနဲ့ အမိုးတို့ ပြိုကျပျက်စီးခဲ့လို့ တချို့ လုပ်သားတွေကို ထိမှန်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up