မြန်မာ့ပတ္တမြား ဒေါ်လာ သန်း ၃၀ ကျော်ဖြင့် ကမ္ဘာ စံချိန်တင် ရောင်းချ
DVB
·
May 14, 2015
၂၅.၅၉ ကာရတ် အလေးချိန်ရှိတဲ့ မြန်မာ့ ပတ္တမြားကို ကမ္ဘာစံချိန်တင်ဈေး ဒေါ်လာ သန်း ၃၀.၄၂ သန်းနဲ့ ဂျီနီဗာမှာ ရောင်းချလိုက်ပါတယ်။
ခိုသွေးရောင် ရှိတဲ့ ပတ္တမြားကို လေလံပစ်သူ ၂ ဦး တယ်လီဖုန်းနဲ့ ဈေးအပြိုင်ပေးခဲ့သလို ၀ယ်ယူသူရဲ့ နာမည်ကိုတော့ ပြောဆိုဖို့ ရောင်းချသူတွေက ငြင်းပယ်တယ်လို့ ဆိုသီဘိုင် လေလံအဖွဲ့ကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ရေးပါတယ်။
ဒီဈေးဟာ ပတ္တမြားအတွက် စံချိန်တင် ဈေးနှုန်းဖြစ်သလို စိန်မဟုတ်တဲ့ ကျောက်သံပတ္တမြားအတွက် အမြင့်ဆုံးဈေးဖြစ်တယ်လို့ ဒီအဖွဲ့ ခေါင်းဆောင် ဒေးဗစ် ဘားနက်က ပြောပါတယ်။
ဒီပြပွဲမှာ တခြား ကျောက်သံပတ္တမြားတွေ ဖြစ်တဲ့ ပုလဲလည်ဆွဲ၊ ပန်းရောင်စိန်စတဲ့ ပစ္စည်းတွေကို ရောင်းချခဲ့ပါတယ်။
ဒီကျောက်သံပတ္တမြား ရောင်းချတဲ့ ပွဲကနေ ဒေါ်လာ ၂၀၂ သန်း အထိ ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။