လူ့အသက်တိုစေသည့် လျှပ်စစ်သံလိုက် ဓာတ်ရောင်ခြည် ထိန်းချုပ်ပေးရန် တောင်းဆို

ဆဲလ်ဖုန်း၊ ကွန်ပျူတာ လက်ပ်တော့နဲ့ တပ်ဘလက်တို့လို အီလက်ထရောနစ် ပစ္စည်းတွေဆီက ထုတ်လွှတ်တဲ့ လျှပ်စစ်သံလိုက် ဓာတ်ရောင်ခြည်ဟာ လူတွေကို အသက်တို စေနိုင်တဲ့အတွက် ထိန်းချုပ်ပေးဖို့ သိပ္ပံပညာရှင် ၂၀၀ လောက်က ကုလသမဂ္ဂဆီကို  တရားဝင် စာပို့ ထားပါတယ်။ ၀ိုင်ယတွာလက်စ် ပစ္စည်းက ထုတ်လွှတ်တဲ့ ဓာတ်ရောင်ခြည်ဟာ လူ့ခန္ဓာကိုယ်က ဆဲလ်တွေကို သေစေနိုင်ပြီး အကျိုးဆက်အနေနဲ့ လူတွေကိုလည်း အသက်တိုစေနိုင်တယ်လို့ ကိုလံဘီယာတက္ကသိုလ်မှာ လျှပ်စစ် သံလိုက် ဓာတ်ရောင်ခြည်ဖြာထွက်မှု ဘာသာရပ်ကို အထူးပြု ပို့ချခဲ့ဖူးတဲ့  မာတင် ဘလန့်က်က ပြောပါတယ်။ တယ်လီဖုန်း တာဝါတိုင်တွေ၊ တယ်လီဖုန်းဆက်သွယ်ရေး၊ လျှပ်စစ်ဆက်သွယ်ရေးကနေ ထုတ်လွှတ်တဲ့ ဓာတ်ရောင်ခြည်တွေဟာ ဒီအန်အေကိုလည်း ပျက်စီးယိုယွင်းစေတယ်လို့ ဆိုပါတယ်။ လူ့ကိုယ်ခန္ဓာ ဆဲလ်အကြောင်းကို အထူးပြုလေ့လာတဲ့ ဇီဝဗေဒပညာရှင်တွေအနေနဲ့ ဆဲလ်တွေမှာ ဖြစ်ပေါ်နေတာကို ရှင်းရှင်းလင်းလင်းနားလည်တယ်လို့လည်း သူက အခိုင်အမာ ပြောပါတယ်။ လျှပ်စစ်သံလိုက် ဓာတ်ရောင်ခြည်နဲ့  အ၀လွန် ပြဿ နာ၊ အော်တစ်ဇင်နဲ့ ကလေးအသေမွေးဖွားတဲ့ ပြသနာတွေနဲ့ အဆက်အစပ် ရှိတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ ဆဲလ်ဖုန်းနဲ့ တခြား ၀ိုင်ယာလက် ပစ္စည်းတွေကို မသုံးတော့ရင် ပိတ်ထားတာက ထိခိုက်မှုကို လျော့နည်းစေမယ်လို့လည်း ဆိုပါတယ်။ ကုလသမဂ္ဂဆီကို ပို့တဲ့ သိပ္ပံပညာရှင်တွေရဲ့ မေတ္တာရပ်ခံစာမှာတော့ လျှပ်စစ်သံလိုက်စက်ကွင်း ဓာတ်ရောင်ခြည် ထုတ်လွှတ်မှု လျော့ချရေးမှာ ကုလသမဂ္ဂအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ကို  ဦးဆောင်စေပြီး ပြည်သူတွေကို ကျန်းမာရေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဖို့ တိုက်တွန်းထားပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up