လုံခြုံရေး တပ်ဖွဲ့ ၈ ဦးသေဆုံးသည့် ပစ်ခတ်မှု ကိုဆိုဗိုလက်ချက်ဟု မက်ဆီဒိုးနီးယား စွပ်စွဲ

နိုင်ငံမြောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၈ ဦး ကျဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုတွေကို ကိုဆိုဗိုနိုင်ငံသား ၅ ဦးက ဦးဆောင်ခဲ့ တယ်လို့ မက်ဆီးဒိုးနီးယားအစိုးရက မေ ၁၀ ရက်က စွပ်စွဲလိုက်ပါတယ်။ သေနတ်သမား ၁၄ ယောက်လည်း သေဆုံးခဲ့ပြီး လူ ၃၇ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ မက်ဆီဒိုးနီးယားပြည်ထဲရေးပြောခွင့်ရက ပြောဆိုပါတယ်။ သေနတ်သမားတွေဟာ အရင် ကိုဆိုဗိုလွတ်မြောက်ရေးတပ်ဖွဲ့ရဲ့ တပ်ဖွဲ့ဝင်ဟောင်းတွေ ဖြစ်ပြီး ရှင်းလင်းမှုအပြီး လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိတယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောဆိုပါတယ်။ ပြီးခဲ့တဲ့လကလည်း ကိုဆိုဗိုနယ်စပ်နားက မြို့နယ်ရဲစခန်းတခုကို ကိုဆိုဗိုနိုင်ငံက အယ်ဘေးနီးယားဒေသခံ အယောက် ၄၀ လောက်က သိမ်းပိုက်ခဲ့ကြပြီး မက်ဆီဒိုးနီးယားနိုင်ငံထဲ အယ်ဘေးနီးယားပြည်နယ်ပေးဖို့ အစိုးရကို တောင်းဆိုခဲ့ ပါတယ်။ မက်ဆီဒိုးနီးယားနိုင်ငံလူဦးရေရဲ့ ၄ ချိုး ၁ ချိုးဖြစ်တဲ့ လူဦးရေ ၂ သန်းဟာ အယ်ဘေးနီးယားလူမျိုးစုတွေ ဖြစ်ကြပါတယ်။ အခု တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ ကူမန်နိုဗိုမြို့မှာ အယ်ဘေးနီးယားလူမျိုးတွေ အများစု နေထိုင်ကြပြီး မြို့တော်မြောက်ဖက် ၂၅ မိုင်အကွာမှာ တည်ရှိပါတယ်။ လက်ရှိအစိုးရဟာ နောက်ဆုံး ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ မဲမသမာမှုတွေနဲ့ တက် လာတဲ့ အာဏာရှင်အစိုးရဆိုပြီး အတိုက်အခံတွေက စွပ်စွဲကြပြီး ပါလီမန်ကိုလည်း သပိတ်မှောက် ထားပါတယ်။ နိုင်ငံမတည်မငြိမ် ဖြစ်အောင် တမင်ကြံရွယ်လုပ်ဆောင်နေတယ်လို့ အစိုးရကကော အတိုက်အခံကပါ အပြန်အလှန် စွပ်စွဲနေကြတာပါ။ ဒီ ကူမန်နိုဗိုမြို့ တိုက်ခိုက်ခံရမှုကို ၀မ်းနည်းဖွယ်အဖြစ် ရုံးပိတ်ရက် ၂ ရက် အစိုးရက သတ်မှတ် ထားပါတယ်။ [gallery ids="92496,92497,92498,92499,92500"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up