အမေရိကန်တွင် ဟာရီကိန်းမုန်တိုင်း တိုက်ခတ်

အမေရိကန် ပြည်ထောင်စု အရှေ့တောင်ဖက် ကယ်ရိုလိုင်းနားကမ်းခြေတွေကို အခုနှစ်ထဲ ပထမဆုံး ဟာရီကိန်းမုန်တိုင်း ၀င်ရောက်တိုက်ခတ်နေပြီး ပင်လယ်ကမ်းခြေသွားရောက်သူတွေ သတိနဲ့ သွားရောက်ကြဖို့ မေ ၁၀ ရက်မှာ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ အန်နာအမည်ရ မုန်တိုင်းဟာ လောလောဆယ် ၁ နာရီ လေတိုက်နှုန်း မိုင် ၆၀ နဲ့ တိုင်ခတ်နေပြီး ကယ်ရိုလိုင်းနား ကမ်းခြေတွေဆီ ၁ နာရီ ၅ မိုင်နှုန်းနဲ့ ဦးတည်ရွေ့လျား နေတယ်လို့ အမေရိကန်မိုးလေ၀သအေဂျင်စီတွေက ထုတ်ပြန်ထားပါတယ်။ မေ ၉ ရက်နေ့က အားပြင်းတဲ့ အပူပိုင်းမုန်တိုင်းအဖြစ် မိုးလေ၀သအာဏာပိုင်တွေက ပြောင်းလဲ သတ်မှတ်ခဲ့ပြီး မုန်တိုင်းဝင်ရောက်ချိန်မှာ မိုးရေချိန် ၅ လက်မအထိ ရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အမေရိကန်နိုင်ငံမှာ ဟာရီကိန်းမုန်တိုင်းရာသီဟာ ဇွန် ၁ ရက်နေ့ကစပြီး နိုဝင်ဘာလကုန်အထိ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမုန်တိုင်းဟာ မုန်တိုင်းရာသီမတိုင်မီ စောပြီး ၀င်ရောက်တာဖြစ်ပြီး ၁၉၅၀ ခုနှစ် နောက်ပိုင်း အခုလို ၀င်ရောက်တဲ့ ၇ ခုမြောက်မုန်တိုင်း ဖြစ်တယ်လို့ အမေရိကန်မိုးလေ၀သအေဂျင်စီက ဆိုပါတယ်။ [gallery ids="92490,92491,92492,92493"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up