ထိုင်းက မြန်မာကို ၁ ဂိုးဂိုးမရှိဖြင့် ဦးဆောင် (ပထမပိုင်း)

၂၀၁၅ အာဆီယံ ချန်ပီယံရှစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ အဖြစ် မြန်မာနဲ့ ထိုင်း အသင်းတို့ ဗီယက်နမ်နိုင်ငံ ဟိုချိမင်းမြို့မှာ မြန်မာနဲ့ ထိုင်းအသင်းတို့ စတင် ယှဉ်ပြိုင်ကစားပါတယ်။ မြန်မာ အသင်းက အကျီအနီရောင် ၀တ်ဆင်ကစားသလို ထိုင်းအသင်းကတော့ အကျီအပြာရောင်နဲ့ ၀တ်ဆင် ကစားတာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ အိမ်ရှင် ဗီယက်နမ် တက်ရောက်လာခြင်း မရှိတဲ့ အတွက် ပရိသတ် အနည်းငယ်နည်းခဲ့ပါတယ်။ ပထမပိုင်း ပွဲအစမှာ ပွဲက အထနှေးနေသလို ထိုင်းအသင်းက ထိုးဖောက် တိုက်စစ်ဆင် ကစားပါ တယ်။ ပွဲစပြီး ၅ မိနစ်နောက်ပိုင်းမှာတော့ မြန်မာ အသင်း ပြန်လည် ထိုးဖောက်နိုင်ခဲ့ ပါတယ်။ မြန်မာ အသင်း ဘောလုံးအဖြတ်အတောက် ကောင်းပေမယ့် အပေးအယူ အချိတ် အဆက်သိပ် မမိဖြစ်ခဲ့ပါတယ်။ ထိုင်းအသင်းက အဝေးဘောတွေကို အသုံးပြုပြီး ကစားခဲ့သလို မြန်မာကတော့ အနီးပေးစနစ်နဲ့ အားပြု ကစားခဲ့ပါတယ်။ ၂ သင်းစလုံးက ထိန်းကစားတဲ့ အတွက် ပွဲက အနည်းငယ်အေးခဲ့ပါတယ်။ ပထမပိုင်းမှာ ထိုင်းအသင်းက တန်ပြန်တိုက်စစ်ကနေ တဆင့် မြန်မာ အသင်းကို ခြိမ်းခြောက်ခဲ့ပါတယ်။ မြန်မာ အသင်း ကစားပုံက ဖိအားအနည်းငယ်ရှိနေပုံရပါတယ်။ မိနစ် ၃၀ အထိ ထိုင်းဘက်ကိုတော့ ထိရောက်တဲ့ ထိုးစစ်ဆင်ခြိမ်းခြောက်မှုတွေ မလုပ်နိုင်ခဲ့ပါဘူး။ ထိုင်းအသင်းက တန်ပြန်တိုက်စစ်ကို အသုံးပြုကစားခဲ့ပေမယ့် မြန်မာ ဂိုးပေါက်ကို ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေ မလုပ်နိုင်ခဲ့ပါဘူး။ မိနစ် ၃၀ နောက်ပိုင်းမှာ မြန်မာ အသင်းက ကွင်းတ၀က် ဖိကစားခဲ့ပေမယ့် ၃၅ မိနစ်မှာ ထိုင်းအသင်း တန်ပြန် တိုက်စစ်ကနေ တဆင့် ကျောနံပါတ် ၂၁ ကနေ ဗွေဆော်ဦးဂိုး သွင်းယူသွားပါတယ်။ ထိုင်းအသင်းက သက်လုံပိုကောင်းခဲ့သလို ကစားရမှာ ပိုမို တည်ငြိမ်တဲ့ အနေအထားရှိနေပါတယ်။ ဗွေဆော်ဦးဂိုး သွင်းယူပြီးတဲ့နောက် ထိုင်းအသင်းက ပိုမို ဖိကစားခဲ့တဲ့ အတွက် မြန်မာ အသင်းက ထောင့်ကန်ဘောတွေ ကန်ခွင့်ပေးခဲ့ရပါတယ်။ မိနစ် ၄၀ မှာတော့ ထိုင်း အသင်းက အပိုင် ကန်သွင်းခွင့်ကို ဂိုးအဖြစ် မဖန်တီးနိုင်ခဲ့ပါဘူး။ မိနစ် ၄၃ မိနစ်မှာတော့ မြန်မာ အသင်း အပိုင်ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် အားပျော့သွားတဲ့ အတွက် ထိုင်းဂိုး သမား အသာအယာ ဖမ်းသွားခဲ့ပါတယ်။ ၄၅ မိနစ်မှာတော့ ထိုင်းအသင်း ဂိုးဧရိယာ အစပ်မှာ မြန်မာ အသင်း ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ပေမယ့် ဂိုးဘားတန်းကို ကျော်သွားခဲ့ပါတယ်။ တတိယနေရာ အတွက် အိမ်ရှင် ဗီယက်နမ်နဲ့ သြစတြေးလျ အသင်းတို့ ယှဉ်ပြိုင် ကစားတဲ့ပြိုင်ပွဲမှာ သြစတြေးလျ အသင်းက တတိယရရှိခဲ့ပါတယ်။ အိမ်ရှင် ဗီယက်နမ်အသင်းကို ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရပြီး တတိယနေရာ ရရှိခဲ့တာ ဖြစ်ပါတယ်။ [gallery ids="92460,92461,92462,92463,92464"]

More News
Up