လာလီဂါ ချန်ပီယံ ဖြစ်ရေး မျှော်လင့်ချက် ပိုခိုင်မာလာသည့် ဘာစီ

မေ ၉ ရက် စပိန်လာလီဂါ ပွဲစဉ်မှာ ဘာစီလိုနာ နိုင်ပွဲဆက်ပြီး ရီးရဲလ်မက်ဒရစ် သရေကျလို့ ဘာစီလိုနာက ချန်ပီယံဖြစ်ဖို့ လက်တကမ်းအကွာကို ရောက်ရှိသွားပါတယ်။ ဘာစီလိုနာက အိမ်ကွင်းမှာ ရီးရဲလ်ဆိုစီဒက်ကို နေမာနဲ့ ပက်ဒရိုတို့ရဲ့ သွင်းဂိုးတွေနဲ့ ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာပါ။ ဒီပွဲမှာ ဘာစီလိုနာပဲ ထုံးစံအတိုင်း တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ နိုင်ခဲ့သလို ထိုးဖောက် ကန်သွင့်ခွင့် အကြိမ်ရေလည်း ပိုရခဲ့တာပါ။ လက်ကျန် ပွဲ ၂ ပွဲပဲ ကျန်တဲ့အချိန်မှာ နိုင်ပွဲဆက်တဲ့ ဘာစီလိုနာက အမှတ် ၉၀နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာက ရီးရဲလ်မက်ဒရစ်ကို ၄ မှတ် ဖြတ်ထားနိုင်လိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကတော့ အိမ်ကွင်းမှာ ဗယ်လန်စီယာနဲ့ ၂ဂိုးစီ သရေကျခဲ့တာပါ။ ရီးရဲလ်အသင်း နောက်ကနေ လိုက်ကစားခဲ့ရပြီးမှာ သရေတမှတ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ပင်နယ်တီ ကန်ချက်လည်း လွဲချော်ခဲ့ပါတယ်။ ဒီပွဲသရေကျလို့ ရီရဲလ်ရဲ့ လာလီဂါ ချန်ပီယံဖြစ်ရေး မျှော်လင့်ချက်တွေ မှေးမှိန်သွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up