အုပ်စုတက်ရေး အစွမ်းကုန်ကြိုးစားမည်ဟု မြန်မာယူ ၂၀ အသင်းခေါင်းဆောင်ပြော

၂၀၁၅ နယူးဇီလန် ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ ယူ-၂၀ အသင်းအနေနဲ့ အုပ်စုအဆင့်ကနေတက်ဖို့ အဓိကထား ကစားသွားမယ်လို့ အသင်းခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။ မေ ၉ ရက် နိုဗိုတယ် ဟိုတယ်မှာ မီဒီယာတွေနဲ့ တွေ့ဆုံစဉ် မြန်မာ ယူ ၂၀ အသင်းခေါင်းဆောင် နန္ဒကျော်က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ “ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက်ကြောင့် အသင်းအနေနဲ့ အကောင်းဆုံးကြိုးစားပြီးတော့ တတ်နိုင်သမျှ ဘယ်အဆင့်ထိ ရောက်နိုင်မလဲဆိုတာ၊ အဓိက အုပ်စုတက်နိုင်ဖို့အတွက် အကုန်လုံးက ရေကုန်ရေခန်း ကြိုးစားနေကြပါတယ်။ မြန်မာယူ ၂၀ အသင်းအနေနဲ့ ဥရောပ ၅ နိုင်ငံကို ပူးတွဲလေ့ကျင့်ဖို့အတွက် သွားရောက်ခဲ့သလို မေ ၁၄ ရက်မှာလည်း သြစတြေးလျကို သွားရောက်လေ့ကျင်မှာဖြစ်ပြီး ၂၅ ရက်နေ့ကျမှာ နယူးဇီလန်နိုင်ငံ သွားရောက်မယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာတာဝန်ခံ ဦးစိုးမိုးကျော်က ပြောပါတယ်။ ၂၀၁၅ နယူးဇီလန် ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ မြန်မာအသင်းဟာ အမေရိကန်၊ ယူကရိန်း၊ အိမ်ရှင်နယူးဇီလန်တိုနဲ့ တအုပ်စုတည်း ကျရောက်နေပါတယ်။ မေ ၃၀ ရက်မှာ အမေရိကန်အသင်း ဇွန် ၂ ရက်နေ့မှာ ယူကရိန်းအသင်း ဇွန် ၅ ရက်မှာ အိမ်ရှင် နယူးဇီလန် နယူးဇီလန်နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ [gallery ids="92310,92311,92312"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up