အာဆီယံချန်ပီယံရှစ် ဗိုလ်လုပွဲ မြန်မာနှင့်ထိုင်းတွေ့

ဓာတ်ပုံ (မြန်မာဘောလုံး အဖွဲ့ချုပ် ဖေ့ဘွတ်ခ်)
၂၀၁၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ မြန်မာ အသင်းနဲ့ ထိုင်း အသင်းတို့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ မေ ၁၀ ရက် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ မြန်မာ စံတော်ချိန် ၆ နာရီခွဲမှာ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်မှာ မြန်မာ အမျိုးသမီးအသင်းဟာ သြစတြေးလျ ယူ ၂၀ အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသလို ထိုင်း အသင်းကလည်း အိမ်ရှင်ဗီယက်နမ် အသင်းကို အချိန်ပိုကစားပြီး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက် လာတာ ဖြစ်ပါတယ်။ အုပ်စုပွဲမှာ မြန်မာဟာ ဗီယက်နမ်ကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးထားသလို ထိုင်းကလည်း သြစတြေးလျကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ထား တာ ဖြစ်ပါတယ်။ တတိယလုပွဲအဖြစ် ဗီယက်နမ်နဲ့ သြစတြေးလျ အသင်းတို့က မြန်မာ စံတော်ချိန် ၃ နာရီခွဲမှာ ကစားမှာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲတက်ခဲ့တဲ့ မြန်မာအသင်းကို ဘောလုံးအဖွဲ့ချူ ပ် ဥက္ကဋ္ဌ က ကျပ်သိန်း ၂၀၀ ဆုချီးမြင့်မယ် ဆိုတဲ့အကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချူပ်ရဲ့ လူမှုရေးကွန်ယက် ဖေ့ဘွတ်ခ် စာမျက်နှာမှာဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up