ဗြိတိန်မင်းသား ဟယ်ရီကို ချစ်ခွင့်ပန်သည့် မိန်းကလေး

သြစတြေးလျတပ်မတော်မှာ ၁ လကြာသွားရောက်အမှုထမ်းခဲ့တဲ့ ဗြိတိန်မင်းသား ဟယ်ရီ (Harry) ရဲ့ နှုတ်ဆက်ပွဲတခုကို မေ ၇ ရက်နေ့က ဆစ်ဒနီမြို့ Opera House မှာ ကျင်းပခဲ့ပါတယ်။ ဟယ်ရီကို ချစ်ခွင့်ပန်သူ အမျိုးသမီးငယ်တဦးအပါအ၀င် သြစတြေးလျပြည်သူ ထောင်နဲ့ချီပြီး လာရောက်နှုတ်ဆက်ခဲ့ကြပါတယ်။ Victoria McRae ဆိုသူ အမျိုးသမီးလေးက မင်းသားဟယ်ရီကို မေးခွန်းတွေ မေးခဲ့ပြီး ရုတ်တရက် ခိုးနမ်းဖို့ ကြိုးစားခဲ့ပါတယ်။ ဟယ်ရီက ရှက်သလိုလိုပြုံးခဲ့ပြီး သူ့ကို လက်ထပ်ခွင့်တောင်းခံတာကို စဉ်းစားပေးပါမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဟယ်ရီကတော့ သူ့ကို အခုလို လက်ထပ်ခွင့်တောင်းတာ ဒါဟာ ပထမဆုံးအကြိမ်မဟုတ်ဘူးလို့ ပြောဆိုပြီး ဘယ်သူ့ကိုမှလည်း မတုံ့ပြန်ရသေးဘူးလို့ ပြောပါတယ်။ Victoria ကတော့ ဟယ်ရီမင်းသားကို ချစ်ခွင့်ပန်တာ ဒီတကြိမ်နဲ့ဆို ၃ ကြိမ်ရှိပြီလို့ ပြောဆိုပြီး ဒီတကြိမ်တော့ နမ်းခွင့်ရရင်ကျေနပ်ပြီလို့ ပြောတဲ့အတွက် ဟယ်ရီက နမ်းခွင့်ပေးခဲ့ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။ ဟယ်ရီမင်းသားကတော့ သူ့ကို နမ်းတာထက်ပိုခဲ့တယ်လို့ သြစတြေးလျမီဒီယာတွေကို နောက်ပြောင် ပြောဆိုခဲ့ပါသေးတယ်။ ဟယ်ရီဟာ ဆစ်ဒနီနဲ့ ပါသ်မြို့တို့က သြစတြေးလျစစ်တပ်မှာ ၁ လကြာ သွားရောက်တာဝန်ထမ်းဆောင်ခဲ့ပြီး လာမယ့် မေ ၉ ရက်နေ့မှာ တာဝန်ကုန်ဆုံးမှာပါ။ ဟယ်ရီ အဲ့ဒီကနေ နယူးဇီလန်ကို ခရီးဆက်မယ်လို့လည်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up