သားဖြစ်သူ မူးယစ်မှုဖြင့် ထောင်ချခံရမှု အရှက်ရစေကြောင်း ဂျက်ကီချန်းပြော

နာမည်ကျော် တရုတ်ကွန်ဖူးမင်းသား ဂျက်ကီချန်းက သားဖြစ်သူ မူးယစ်မှုနဲ့ ဖမ်းဆီးထောင်ချခံရတဲ့ ကိစ္စဟာ သူ့ကို တကယ့်အရှက်ရစေပြီး စိတ်ဆိုးအမျက်ထွက်ရတဲ့ ကိစ္စတခုဖြစ်တယ်လို့ စင်ကာပူနိုင်ငံမှာ  မေ ၇ ရက်နေ့က ပြောဆိုပါတယ်။ ဂျက်ကီချန်းဟာ စင်ကာပူနိုင်ငံကို မူးယစ်ဆေးဝါးဆန့်ကျင်ရေးသံတမန်အဖြစ်နဲ့ ရောက်ရှိနေတာပါ။ သားဖြစ်သူ ဂျေစီချန်းဟာ တရုတ်အစိုးရမူးယစ်ဆေးဝါး အထူးစီမံချက်အတွင်း ဖမ်းဆီးခံရပြီး ပြီးခဲ့တဲ့ဖေဖော်ဝါရီလကမှ ထောင် ၆ လကျပြီး ပြန်ထွက်လာတာပါ။ ဂျက်ကီချန်းက သူ့မိသားစုဝင် တယောက်ယောက်က အခုလိုဖြစ်မယ်ဆိုတာမျိုး ဘယ်တုန်းကမှ မထင်ခဲ့မိကြောင်း၊ အခုတော့ မူးယစ်ဆေးဝါးဆန့်ကျင်ရေး အရင်ကထက်တောင် စိတ်ပိုင်းဖြတ်ပြီး လုပ်နေပါတယ်လို့ ပြောပါတယ်။ စင်ကာပူလူငယ်တွေကိုလည်း မူးယစ်ဆေးဝါးမလုပ်ကြဖို့၊ လုပ်မိရင် ကိုယ့်ကိုယ်တိုင်ကိုပဲ ထိခိုက်တာမဟုတ်ပဲ မိသားစုတစုလုံးကိုပါ ထိခိုက်နစ်နာစေတဲ့အကြောင်း ထောက်ပြပြောဆိုခဲ့ပါတယ်။ စင်ကာပူနိုင်ငံ နန်ယန်းပိုလိုတက္ကနစ်မှာ aversion ဆိုတဲ့ မူးယစ်ဆေးဝါးဆန့်ကျင်ရေး မိုဘိုင်းဂိမ်းလေးတခုကို ဒီနေ့ စဖြန့်ခဲ့တယ်လို့လည်း စင်ကာပူသတင်းတွေက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up